အကြံပိုင်တဲ့ကောင်မလေး

a-11(44)
Published in
#poem
Words
53
Reading
1 min
Listen
Play
9y

635923241626132491263808999_470355-art-rainy-day-pics.jpg
အ၀တ်အထည်ဝယ်တဲ့နေရာ
ကောင်မလေးနဲ့ကောင်လေး
အားပြိုင်နေကြတယ်
တန်ဖိုးက အနမ်းတစ်ပွင့်တဲ့
ဆယ်ခုယူ ဆယ်ခါနမ်းပေါ့
ဆိုင်ရှင်ကကောင်လေး
ဈေးဝယ်ကကောင်မလေး
ပွဲကတော့လှပြီပေါ့
လူလည်ဘဲကြီးက အစကို ကပ်ကြေးနဲ့
ဖြတ်လိုက်တာပေါ့ အိတ်ကလေးထဲအမြန်ထည့်
ထုပ်ပိုးပြီးတော့ ကောင်မလေးကို
ခပ်မြန်မြန်လှမ်းပေးလိုက်ရောလေ
အီနေတဲ့ကောင်မလေးလူလည်ပါ
အ၀တ် အိတ်ကို လှမ်းယူလိုက်ပြီးတော့
ဟိုအဝေးမလှမ်းမကမ်းမှာ ရပ်စောင့်
နေတဲ့ အသက်ခပ်ကြီးကြီးအဖိုးအိုကို
လူကြီးတစ်ယောက်ကပေါို့ လက်ညိုးညွှန်
လိုက်တယ်လေ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေး
နဲ့ ပြောလိုက်တာကတော့ကျသင့်တန်ဖိုးကို
ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေး
လိမ့်မယနော် လို့ ပြောပြီး သူ့ရှေ့ကနေ
ထွက်ခွာသွားတယ်လေ
ကဲအလွယ်လုပ်ကြမလား
အပိုင်ဆိုပြီးကိုင်လိုက်တော့မလား
ဒီလိုလှည့်ကွက်အလှတွေ
စီးပွားရေးလောကမှာ
နေ့တိုင်းဖြစ်နေတယ်ဆိုတာ
သင်သိပါ့မလား
Author : a-11@a-11
Photos credit; Google Image

အကြံပိုင်တဲ့ကောင်မလေး | Ecency