ဤဘဝတွင်

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘဝသည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော မှောင်သော
အောင်သော ရှုံးသော
မုန်းသော ချစ်သော
သစ်သော ဟောင်းသော
ပူသော အေးသော
နုသော ကြမ်းသော
စောကြောစိတ်ဖြာ မနေပါပေ။
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘဝ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။
@thunthun

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency