ထွက်မပြေးပါနဲ့

အားလုံးမင်္ဂလာပါဗျာ ဒီနေ့အလုပ်က အစောကြီး ပြန်လာရလို့ 
လိုင်းပေါ်က သူငယ်ချင်းတွေနဲ့ ဘိလိယက်ထိုးဖို့ ပြောပြီး ကျွန်တော်လဲ
စောင့်နေတာပေါ့ဗျာ ကံကမကောင်းတော့ အချင်းချင်းမထိုးရဘဲ
နိုင်ငံခြားက အကောက်တွေနဲ့ပဲထိုးနေရလို့မထိုးချင်တော့တာနဲ့
အခုလို စိတ်မပါတော့တာနဲ့စာရေးမယ်ဆိုပြီး စဉ်းစားမိတာကတော့
#ထွက်မပြေးပါနဲ့#
ဆိုတဲ့ အမည်ကို ကျွန်တော်ပေးခဲ့တဲ့ အကြောင်းကတော့ ဒီနေမနက်အလုပ်ကနေ
အိမ်ကိုအပြန်မှာ အသိတစ်ယောက်ဟာ သူရင်ဆိုင်ရမည့် ကိစ္စများကို
မဖြေရှင်းဘဲ ထွက်ပြေးဖို့ြ့ကိုးစားနေတာတွေ့ရှိခဲ့လို အခုလိုစာစုအတိုလေးကို
ကျွန်တော်လဲ ညဏ်မိသလောက်ချရေးကြည့်မိတယ်ဗျာ…

ထွက်မပြေးပါနဲ့

ဘဝမှာ အခက်အခဲ အကျပ်အတည်း တစ်ခုခုကြုံတွေ့လာရင်ထိပ်တိုက်
ဖြေရှင်းခြင်းမပြုဘဲ ရှောင်ထွက်သွားတဲ့သူကို အဲသည့်ပြဿနာတွေက
မဖြေမရှင်းခြင်း နှိပ်စက်တက်ပါတယ်ဆိုတာကို ကျွန်တော်မြင်မိတယ်ဗျာ.
တချို့က ဖြေရှင်းခြင်းမပြုတဲ့အပြင် ပြဿနာရဲု့ပြင်ပတစ်နေရာကိုရောက်အောင်
ရှောင်ပြေးတက်တာကိုလည်း ယနေ့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျာ.
အော်လူတွေလူတွေ ပြေးလို့ လွတ်မှာလာဗျာ ?
တကယ်တမ်းအားဖြင့် ရှောင်ပြေးသူအတွက်တော့ေပြေးလမ်းကပိုပြီးတော့
ရှည်လျားနေပါလိမ့်ဆိုတာ မသိကြလို့ထင်ပါတယ်ဗျာ…
ဒါကြောင့် ကျွန်တော်အမြင်နဲ့ြေ့ပြောရရင်တော့
ပြဿနာတစ်ခု ကြုံတွေ့လာပြီဆိုရင် အဲဒီပြဿနာကို တည်ငြိမ်မှုပြည့်ဝစွာ
ရဲဝံ့စွာဖြင့် ရင်ဆိုင်နိုင်ရပါမည် နောက်ပြီး တစ်ခုရှိတာက
ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ အခြေအနေ အချိန်ကာလ
ပြဿနာရဲ့အကြောင်းအရာ အရင်းအမြစ်တွေကို အသေအချာလေ့လာ
သုံးသပ်ပြီး အကောင်းဆုံးနည်းလမ်းတစ်ခုကို ရွှေးချယ်ကာ
ဖြေရှင်းတတ်ဖို့ အထူးလိုအပ်ပါတယ်ဆိုတာကို မမေ့ကြပါနဲ့ဗျာ…
အခြေအနေ အချိန်အခါ ပုဂ္ဂိုလ် ပြဿနာအကြောင်းအရင်းတွေကို
အသေအချာ မလေ့လာဘဲ ဖြေရှင်းမိပါက အမှန်တရားထက်စာရင်
ပြဿနာပိုမိုကြီးမားတတ်ပါတယ်လေဗျာ…
ဒါကြောင့် အောင်မြင်ခြင်းလမ်းမထက်မှာ ကြုံတွေ့ မယ့် အခက်အခဲတွေကို
ဖြေရှင်းကြပါ #ထွက်မပြေးကြပါနဲ့#ဗျာ……
ဟီးးးး
ရေးလားလိုက်တာ ပြန်ဖတ်ကြည့်လိုက်တော့ ငါတောင်အတော်ကို
စာရေးတာ ဆရာ ကျလာပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနေမိတယ်ဗျာ
သူငယ်ချင်းတိုကရောဗျ နှစ်သက်ကြရဲ့လားဗျာ ?
ကျွန်တော် zawzawhtwe
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now