Hi Everyone.Glad To meet You .
ကျွန်တော် ရေးလတ်စဖြစ်တဲ့ post တခုကို ဆက်ရေးချင်ပါတယ်။ကျွန်တော် ရေးလတ်စ ဖြစ်တဲ့ GPS အကြောင်းကို ဆက်ပြောချင်ပါတယ်။အရင် post တွေမှာတော့ GPS အသုံးဝင် ပုံ အဆင့်ဆင့်နဲ့ ဘယ်လို ချိတ်ဆက် အသုံးပြုရသလဲဆိုတဲ့ အကြောင်းကို
တော့ ရေးသားပီး ဖြစ်ပါသည်။ အခုဆိုရင်တော့ ကျန်ရှိနေသေးသည့် အကြောင်းအရာ တချို့ ကို ဆက်လတ်တင်ပြပေးပါမည်။
ကျန်ရှိနေတဲ့ အပိုင်းဟာဆိုရင် ဖြင့် GPS သည် အသုံးပြုသူ၏
တည်နေရာ အချက်အလတ်ကို ဘယ်လို တွက်ချက် ပြီး ဘယ်လို ချိတ်ဆက်ထားရလဲ ဆိုတာ ထပ်မံပြောပြပေးမှာ ဖြစ်ပါသည်။
GPS သည် လူထု၏ အခက်အခဲ များကို အတော်ပင် အကျိုးပြုပါ
သည်။
ကျွန်တော်တို့ ငယ်စဉ်အခါ ကျောင်းသားဘဝ မှာ ပထဝီ ဘာသာ
ဆိုတာ သင်ဖူးကြမှာပါ။ အဲ့ ဒီဘာသာ မှာ နေရာ တခု၏ တည်နေရာ ညွန်းကိန်းကို လက်တီတွတ်၊လောင်တီတွတ် နဲ့ ဖော်ပြပေးကြပါသည်။ ဥပမာ အားဖြင့် မြောက်အာတိတ် စက်ဝိုင်းသည် အီကွေတာ မျဉ်း၏ အရှေ့ လောင်တီတွတ် ဘယ်လောက် စသဖြင့် ဖော်ပြလျက် ရှိသည်။ အခု GPS မှာလည်း အဲ့ ဒီစနစ်ကို အသုံးပြုထားပြီး အသုံးပြု သူ၏ တည်နေရာကို တွက်ချက်ပေးနိုင်မှာ ဖြစ်ပါသည်။ GPS receiver များသည် အချက်အလတ်တေ ကို လက်ခံရယူ လိုရင် အနည်းဆုံး ဂြိုလ်တု ၃ လုံးနဲ့ ချိတ်ဆက်ဖို့ လိုအပ်ပါသည်။ အဘယ်ကြောင့် ဆိုသော အသုံးပြုသူ၏ တည်နေရာနှင့်
လမ်းကြောင်းရွေ့လျားမှုများကို လဒ်တီတွဒ်၊ လောင်တီတွဒ် စ
သည့် နှစ်ဖက်မြင် ပုံရိပ် များနဲ့ တွက်ချက် ထုတ်လုပ်ပေးနိုင်ရန်ဖြစ်သည်။
GPS ကို ဒီထက် ပိုပြီး အဆင့်မြင့်မြင့် သုံးချင်တယ်ဆိုရင်တော့ ဂြိုလ်တု ကို ၄ လုံးနှင့် အထက် ချိတ်ဆက်ပေးဖို့ လိုအပ်ပါသည်။
ဘာကြောင့် လိုအပ်သလဲ ဆိုရင် ဖြင့် အသုံးပြုသူ၏ တည်နေရာကို ဖော်ပြရာ၌ လဒ်တီတွဒ် ၊လောင်တီတွဒ် အနိမ့်၊အမြင့်ပေါ်
လိုက်ပြီး သုံးဖက်မြင် စနစ် ဖြင့် ထပ်မံ ချိတ်ဆက်ထားရသောကြောင့် ဖြစ်သည်။ GPS ရဲ့ စနစ် ဟာ အတော်ပင် အံသြဖို့ ကောင်းပေသည်။ GPS ရဲ့ ယူနစ်ဟာ အသုံးပြုသူ၏ တည်နေရာကို
တကြိမ်တည်း လက်ခံရယူ ပြီးတဲ့ နောက်မှာတော့ အောက်ပါ အချက်အလတ်များကို ဆက်လတ်လုပ်ဆောင်သေးပါသည်။ ဥပမာ
ယာဉ် တစ်စီးရဲ့ သွားတဲ့ မိုင်နူန်း၊ လူတယောက်၏ အမြန်သွားနူန်း စသည့် တည်နေရာ ညွန်းကိန်းတေကို ဖော်ပြထားပါသည်။
ဒါ့အပြင် လမ်းကြောင်း၊ ရပ်ထားသည့်နေရာ ၊ သွားခဲ့ သော ခရီးအကွာ အဝေး၊ ကိုယ်သွားမည့် ခရီး၏် အကွာအဝေး၊ စသည့် အချက်အလတ်တေ အပြင် နေထွက်ချိန်၊ နေ၀င်ချိန် စသည့် အချက်
အလတ်တေ သာမက တခြားသော အချက်အလတ်ပေါင်းများစွာကို လည်း တွက်ချက်ဖော်ပြပေးနိုင်ပါသေးသည်။
ဟုတ်ကဲ့ပါ အားပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ဟုတ်ကဲ့
ဆက်လတ်ပြီး ဗဟုသုတ ရစေမယ့် post လေးတေ ရေးပေးပါဦးမည်။
@yelinn
MSC-241