Order

Order
မှာတမ်းစာ

မိန်းမရေ……

မင်းနဲ့ငါက …တစ်ယောက်တစ်နေရာစီမှာ ……ခွဲခွာနေရတာဆိုတော့ …..

ဒီ ကိုဗစ် လှိုင်းမှာ ….ကိုယ့်ကိုယ်ကို ….မာလကီး မဂျောင်းရအောင် ….ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်သန် ကြိုးစာ:နေထိုင်နေရတာကို ..မင်းလည်း သူများတွေနည်းတူသိနေမှာပါ…..။
ငါသေရင်လည်း …. မင်းမသိလိုက်ရ ၊ မင်းသေရင်လည်း ….ငါမသိလိုက်ရ ဖြစ်နေတဲ့ ကာလဆိုးကြီးမှာ……
ငါ…..တမလွန်ဘဝကို….မကူးပြောင်းခင် …..
မှာစရာရှိတာတွေ မှာထားခဲ့ချင်လို့ ဒီစာကိုရေးလိုက်ရခြင်းဖြစ်တယ် …။
အဓိက ကတော့ ကျန်ရစ်တဲ့ မင်းတို့မိသားစု အသက်ဆက်ရှင်သန်အောင်……လုပ်သင့်တာမှန်သမျှလုပ်ကြပါ ။

img_0.2241957325234418.jpg

ဒီနေရာမှာ….ကိုယ့်အသက်ရှင်သန်ဖို့ဆိုရင်….ညာသင့်ရင်ညာ ၊ ခိုးသင့်ရင်ခိုး ၊ ပြေးသင့်ရင်ပြေး ၊ ရောင်းသင့်တာရောင်း ၊
ပေါင်သင့်တာပေါင် ၊ သတ်သင့်ရင်သတ်….အိုကွာ….အဆုံးစွန်ဆုံးပြောရရင် ……စားလို့ရတာအကုန်စား ၊ လုပ်လို့ရတာ
အကုန်လုပ်ကြဖို့ ပြောချင်တာ…။
ရိုးသားဖို့မလိုဘူး …………..ရိုးသားတဲ့သူတွေသေနေကြတယ်………။
.ပညာတတ်ဖို့မလိုဘူး……..ပညာတတ်တွေလည်းသေနေတာပဲ………။
ကိုယ်ချင်းစာတရားထားဖို့မလိုဘူး ….ကိုယ်ချင်းစာတရားရှိတဲ့သူတွေသေနေကြတယ်……။
တရားမျှတဖို့မလိုဘူး…….တရားမျှတတဲ့သူတွေ သေနေကြတယ်……..။
ကိုယ်ကျိုးစွန့်ဖိုမလိုဘူး……ကိုယ်ကျိုးစွန့်တဲ့သူတွေ သေနေကြတယ်……။
အမှန်တရားရှာဖို့မလိုဘူး…..အမှန်တရားရှာတဲ့သူတွေကော သေနေကြတာပဲလေ…….။
အေး…ငါပြောသလို မကျင့်ကြံဘူးဆိုရင် မင်းတို့မိသားစုရဲ့ အိမ်ထောင်ဟာ ဖာသည်မရဲ့အိမ်ထောင်မျိုးဖြစ်သွားလိမ့်မယ်။
ငါ…..စကားကုန်ပြောခဲ့ပြီနော်…….သြော် …….ကျန်သေးတယ်…….။ ငါ့သားတွေ ၊ သမီးတွေကိုတော့ မင်းမထိန်းချုပ်နဲ့
ငါ့သား ၊ သမီးတွေက မင်းဆုံးမစရာမလိုဘဲ……သူတို့ဘာသာ ..လိမ္မာနေလိမ့်မယ်…..။ မင်းလမ်းညွှန်စရာမလိုဘဲ ..သူတို့
လျှောက်ရမယ့်လမ်း….သူတို့ရွေးချယ်ပြီးသား။ မင်းတာဆီးနေလည်း ….သူတို့လုပ်မယ့် အလုပ်ကို မမှိတ်မသုန် အောင်မြင်အောင်
သူတို့လုပ်ကြလိမ့်မယ်….။
သူတို့နှလုံးသားမှာ …..ကိုယ်စီ ဆုံးဖြတ်ချက်တွေ……..ရှိနေကြလို့ပဲ……..။

လွပ်လပ်နယ်မြေတစ်နေရာက
Victor Naw Awng

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center