အဆင်အသွေးက စုံလှသည်။ ဒီဇိုင်းတွေကလည်း ဆန်းလှပါဘိ။ တစ်လတစ်မျိုးမရိုးနိုင်တဲ့ ပုံဆန်းဆန်းလေးတွေကလည်း လှလိုက်သည့်ဖြစ်ခြင်း။ နေ့စဉ်တစ်မျိုး အလှတိုးအောင် ဝတ်ပစ်လိုက်ချင်သည်။ ဒီနေ့ အဝါ မနက်ဖြန် အစိမ်း တစ်လလုံး ဝတ်စုံမထပ်စေရ။ ဒီလ ဘာအဆင်ပေါ်လည်း သူ့ထက်အရင် ဝတ်ပြချင်တာ။
တံဆိပ်အမျိုးမျိုး အထူ အပါးစုံလင်စွာနှင့် တစ်လက်မ ဒေါက် မှသည် ၆လက်မ ဒေါက်အထိ။ ဒေါက်ဖိနပ်လှလှလေးတွေက ယိုးဒယားမိတ်လောက်မှ ဆန်းသည်။ လှသည်။ ခိုင်ခံ့သည်။ ဒေါက်နဲ့ စီးရတာ ရိုးအီလာတော့ ပုံတော်ဖိနပ်လှလှလေးတွေကို မထူမပါး ပြောင်းစီး။ အရောင်စုံ အသွေးစုံလှတဲ့ စလစ်ပါလေးတွေကလည်းဖိနပ်စင်မှာ အပြည့်။
မိတ်ကပ်ဘောက်ထဲမှာ သိန်းကျော်တန် မိတ်ကပ်ဆက်နဲ့။ အောက်ခံလိမ်းတဲ့ တိုနာ မတ် ကာလာ အိုင်း လိုင်နာက အမဲ အပြာနဲ့ အညို ၃ယောင်လောက်မှ အဆင်ပြေတာ။ နှုတ်ခမ်းနီက ရောင်စုံရှိမှ။ ဘာဝတ်ဝတ်လိုက်တာလေး ဆိုးရအောင်။ မျက်ခုံးမွှေးဆွဲတံကအစ ဘရမ်းတံဆိပ်မှသုံးတာ။ ရေမွှေးတော့ ကြိုက်တယ်။ ဆွတ်ဇလန်က ရေမွှေးတွေ စုဆောင်းထားတယ်။ အနံ့တစ်မျိုးတည်းဆိုရင် ရိုးအီသွားတက်လို့။
credit image source
အစားအသောက်လား။ နာမည်ကြီးတဲ့ဆိုင်တွေမှ စားတက်တာ။ သူငယ်ချင်းတွေနဲ့ ဟောတစ်ဝိုင်းဟောတစ်ဝိုင်း။ ကျွေးနိုင်မှ အပေါင်းအသင်းဆံ့တာလေ။ ညနေ အလုပ်ပြန်ချိန် ဝိုင်းကျစို့ဆို အချိန်ပေးပြီးသားဘဲ။ ဒါမှ လူမြင်သူမြင်နဲ့ စားနိုင် ဝတ်နိုင်တာကို လူသိမှာလေ။ မသိသေးဘူးလား။ ရတယ်လေ။ Fbပေါ် ပုံရိုက်တင်လိုက်မှာပေါ့။ ဘာတွေစားနေလည်း မြင်ကျစမ်းပါစေ။
လစာက ဘယ်လောက်ရလည်း။ တလ ဝင်ငွေဘယ်လောက်ရှိလည်း။ မိသားစု အသုံးစရိတ်က ဘယ်လောက်လည်း။ စားစရိတ်က တစ်လကို ဘယ်လောက်လည်း။ ဝင်ငွေ ဘယ်လောက်လည်း ထွက်ငွေ ဘယ်လောက်လည်း။ သားသမီးတွေ ကျောင်းဖွင့်ရက် နီးလာပြီ။ ပညာရေးရည်မှန်းချက်ကော ချထားရဲ့လား။ ဘယ်လိုကျောင်းမျိုးကို ထားဖို့ ပြင်ဆင်ထားလည်း။ ကုန်ကျစရိတ်က ဘယ်လောက်လည်း။ အနာဂတ်အတွင် ငွေကြေး Planက ဘာလည်း။ ခိုင်မာတဲ့ စီးပွားရေးလုပ်ဖို့ကော စိတ်ကူးထားပြီလား။ ကြွေးမီတွေကော ကင်းပြီလား။ အခုထိ မိဘအိမ်မှာ ကပ်နေရတုန်းလား။ မြေတစ်ကွက်လောက်တောင် ဝယ်ထားဖို့ စိတ်ကူးမရှိဘူးလား။ တစ်နှစ်ကို ငွေဘယ်လောက်စုမိလည်း။ အိုစာမင်းစာအတွက်ကော ငွေပဒေသပင်ရှိပြီလား။ မတ်တပ်စာရပေမဲ့ တုန်းလုံးစာအတွက်ကော ပြင်ဆင်ထားရဲ့လား။ အို...အဆွေ ဝန်ထမ်း။ သင့် အစား ကျွန်ုပ် ရင်လေးမိပါသည်။
credit image source
@suhlaing
msc 175