ကုန်​ဆုံးချိန်

image
သူ့ အသက်​ရူသံ​လေး နှာဖျားဝကို
လာ​ရောက်​ထိခတ်​စဉ်​ ...
ကျ​နော့်​ရင်​ခုန်​သံသည်​ အတိုင်းအဆမဲ့  ...

မွှေးပျံ့ တဲ့ဆံနွယ်​ရနံ့ ​လေး​တွေကို
ရူရှိုက်​မိတိုင်းစိတ်​​တွေက ..
ဟိုးးး ​တောင်​အမြင့်​ကြီးဆီက
အ​ဝေးဆီကို​ငေး​မောကြည့်​မိ​သလို ..

လွတ်​လပ်​ခြင်း ၊ကြည်​နူးခြင်း ၊လန်းဆန်းခြင်း၊
တက်​ကြွခြင်း အပြည့်​ ...

မနိုး​စေချင်​ဘူးအိပ်​မက်​ရယ်
နာရီ​တွေ​ပြောင်းပြန်​လှည့်
အတိတ်​ဆီကိုတရက်​ချင်းစီပြန်
ဘဝကို အစီစဉ်​တကျ​ရေးဆွဲပြီး
အိပ်​မက်​လှလှ​တွေ ပြန်​မက်​ချင်​​သေးတယ်​။

ခု​တော့လည်း 
နေ့ရက်​​တွေကုန်​ခမ်း
မောပန်​နွမ်းလျပြီး ၊
ဘဝ​တွေ အသက်​မပါ​တော့သလို 
နေ့ရက်​​တွေဟာအဓိပ္ပါယ်​မဲ့ခဲ့ပြီ ....။

Minkhantnyar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center