အောင်မြင်မှု

ဘယ်အရာမဆို အောင်မြင်မှု က သင့်ရဲ့ လက်တကမ်းမှာရှိနေတယ်။ဒါပေမယ့် အောင်မြင်မှုကို လွယ်လွယ်နဲ့ မရနိုင်ပါဘူး။ အောင်မြင်မှုတစ်ခုကို ရဖို့ မိမိမှာ ရင်းနှီးစရာတွေအများကြီးရှိတယ်။ လုန်းငန်းတစ်ခုကို အောင်မြင်မှုရအောင် လုပ်မယ်ဆိုပါစို့။ ဒါဆို သင့်လုပ်ငန်းအတွက် ငွေကြေးရင်းနှီးမှုလိုအပ်မယ် ၊ အချိန်တွေ ရင်နှီးရမယ်။ ကိုယ့်ရဲ့ လွတ်လပ်တဲ့ အချိန်တွေကို လုပ်ငန်းအောင်မြင်ဖို့ ရင်နှီးပေးရမယ်။ ဘာမှ မရင်းနှီးဘူး ဆိုရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ။ အောင်မြင်မှုဆို အဝေးဆုံးပေါ့။ အောင်မြင်မှုရဖို့ ငွေကြေးတွေ အချိန်တွေရင်းနှီးရမယ် ။ ဒါပဲလား မဟုတ်သေးဘူး။ မိမိလုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် သင်ဘာလုပ်ငန်းကိုစိတ်ဝင်စားသလဲ စဉ်းစားရမယ်။ လူတစ်ယောက်ဟာ ဘယ်လုပ်ငန်းမဆို လုပ်နိုင်ပါတယ် ဒါပေမယ့် သင့်စိတ်မဝင်စားတဲ့ လုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုရင် သင့် အိမ်မက် သင့် ရည်ရွယ်ချက် ဖြစ်တဲ့ အောင်မြင်မှုကို ရနိုင်ပါ့မလား။ သင့်စိတ်မဝင်စားတော့ လုပ်ငန်းတစ်ခုအတွက် ဘာမှ လေ့လာချင်စိတ် ကြိုးစားချင်စိတ်ရှိမှာ မဟုတ်ဘူး။ လုပ်ငန်းလုပ်နေစဉ်မှာလည်း တက်တက်ကြွကြွ ရှိမည်မဟုတ်ပါ။ ဒါကြောင့် မိမိ လုပ်ငန်း (သို့) တစ်ခုခု မလုပ်ခင်မှာ သင်ဘာကို စိတ်ဝင်စားသလဲ စဉ်းစားရမယ်။ သင် စဉ်းစားပြီးတာနဲ့ သင့်ရဲ့ အလုပ်ကို ချက်ချင်း ထလုပ်လို့ရမလား မရဘူးနော်။ image

မိမိလုပ်ငန်းအတွက်လို့အပ်တဲ့ သင်တန်းတွေတက်ရမယ်။ သင့်ဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ သင်လက်အောက်က လူတွေထက် အများကြီးတက်ဖို့လိုတယ်။ မိမိစိတ်ဝင်စားတဲ့ လုပ်ငန်းနှင့်တူတဲ့ တစ်ခြားလုပ်ငန်းခွင်ကိုလည်း လက်တွေ့သွားရောက်လေ့လာသင့်တယ်။ဒါဆို မိမိလုပ်ငန်းအတွက် ဘာတွေလိုအပ်သလဲ ဘာတွေပြင်ဆင်ရဦးမလဲဆိုတာ သင့်ခေါင်းထဲမှာ တဖြည်းဖြည့်ပေါ်လာပါလိမ့်မယ်။
မိမိကိုယ်ကို ကိုယ့်လုပ်မည့် လုပ်ငန်းတစ်ခုကို နားလည်ပြီးလားလို့ ပြန်မေးကြည့်ပါ။ ကိုယ်ကိုကိုယ် လိမ်လို့မရပါဘူး။
သင် ကိုယ်လုပ်မည့်လုပ်ငန်းတစ်ခုကို ကျွမ်းကျင်နာလည်လာပြီလို့ ကိုယ်ကိုကိုယ် ယုံကြည့်ရင် သင့် လုပ်ငန်းစတင်လိုရပါပြီ။
image

သင့်လုပ်ငန်းမှာလည်း ယုံကြည်စိတ်ချရတဲ့လူတွေရှိဖို့လိုပါတယ်။လူမရှိလို့သာ ခန့်ထားရတယ် ဒီလူကို မယုံကြည့်ဘူးဆိုရင် သင့်အတွက်အနှောက်အယှက်တစ်ခုပါ။ လုပ်ငန်း စရာမှာလည်း မိမိ target ကို တစ်ပြိုင်နက် အသုံးမချသင်ပါဘူး။ မိမိလုပ်ငန်း အခြေနေကို ကြည့်ပြီး တဖြည်းဖြည်းနဲ့ ရင်းနှီးသင့်ပါတယ်။ သင်ဟာ သင့်ပတ်ဝန်ကျင်းမှာ အနည်းငယ် အောင်မြင်လာမယ် လူသိများလာမယ်ဆိုရင် သင့်ရဲ့ target ကိုရောက် ရင်းနှီးလို့ရပါပြီ။ သင်ဟာ အချိန်ကုန်ခံ ငွေကြေးကုန်ကျခံပြီး ရင်းနှီးထားတာတွေ လေ့လာထားတာတွေဟာ သင့်လုပ်ငန်းအတွက် အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်။

image

           လုပ်ငန်းလုပ်နေဆဲမှာ တွေဝေခြင်းမရှိပါစေနဲ့။ သင်တစ်ချက်တွေဝေလိုက်တာနဲ့ သင့်ရဲ့အိမ်မက် တွေ ရည်ရွယ်ချက်တွေဟာ အဝေးဆုံးကိုရောက်သွားပါလိမ့်မယ်။ ဒါကြောင့် တွေဝေခြင်း မရှိပါနဲ့။ တစ်နေ့မှာ သင်အောင်မြင်မှု ရလာပါလိမ့်မည်။ ငါအောင်မြင်ပြီဆိုပြီး လုပ်ငန်းတွေဆက်မလုပ်တော့ဘူးဆိုရင် အောင်မြင်မှုဟာ ကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်မှု ဘယ်လောက်ပဲ ရရ သင်ဟာ အမြဲကြိုးစားနေသင့်တယ်။ 

လောဘမကြီးပါနဲ့ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်....
ကိုယ်ကိုကိုယ် အထင်မကြီးပါနဲ့ သင့်ဘဝပျက်စီးလိမ့်မယ်....

Author -kyawphyowai
Photo-Google Credit

H2
H3
H4
3 columns
2 columns
1 column
34 Comments
Ecency