အဲ့လိုဆို

kkmmkk(34)
Published in
#life
Words
130
Reading
1 min
9y
Listen to this post
~1 min

ဘာလဲ​တော့မသိဘူး...
အတည်ကြီး တစ်ခုပြောဦးမယ်...

ခေါင်းလောင်းဆယ်မယ့် မောင်ဆံဠင်းရဲ့ သတင်းစာရှင်းလင်းပွဲဗီဒီယိုဖိုင် ဘေလ်ကုန်ခံကြည့်ဖြစ်တယ်။
ထုံးစံအတိုင်း အရူးချေးပန်းတွေပေါ့....
ဘယ်လိုဆယ်မှာ၊ ဒီခေါင်းလောင်းက ဘယ်လိုအဖိုးတန်မှာ၊ ဘယ်လို ကမ္ဘာကျော်မှာ စသဖြင့်ပေါ့။
ဒီကြားထဲ အခွီတွေက ပါသေး
ပါတော်မူသွားတာ သီပေါမင်းအစစ်မဟုတ်ဘူးတို့
မြောက်ကိုရီးယားက အဏှမြူလုပ်နေတာ ငါးလုံးရှိတာသိတယ်တို့
ပျောက်သွားတဲ့ MH370လေယာဉ်ကကုန်းပေါ်မှာပဲ ရှိသေးတယ်တို့။

လူကသာ မရူးမကောင်းနဲ့... အတော်တော့ပါးတယ်။
ဒေါ်အောင်ဆန်းစုကြည်က သိန်းငါးရာထည့်
ဒုသမ္မတမြင့်ဆွေက ငွေရှိတော့ သိန်းတစ်ထောင်ထည့်
သမ္မတွေဝန်ကြီးတွေလွှတ်တော်အမတ်တွေက တစ်လစာထည့်ဆိုပြီး ခွဲတမ်းတောင် ချသွားသေး။
ခွီး

ရုတ်တရက်ဆိုရင်တော့ ခွီစရာကြီးပေါ့
ပေါတောတောနဲ့။
ဒါပေမယ့် အသေအချာတွေးကြည့်ရင် မြန်မာပြည်ရဲ့ တရားရေးဟာ လူမလေးခွေးမခန့်ဖြစ်နေတာ သိပ်သိသာတယ်။
ပထမတစ်ခေါက် ခေါင်းလောင်းဆယ်မယ်ဆိုပြီး အလှူခံတယ်။ သိန်းထောင်သောင်းချီ ရတယ်။
ဘယ်နေ့အပြီးဆယ်မယ် ဘာညာဆိုပြီး ဘာမှလည်းမဟုတ်ဘဲ အလှူငွေတွေနဲ့လစ်သွားတယ်။
အခုလည်းကျရော အဲ့ဒီ့လူလိမ်က လူကြားထဲပြန်ထွက်လာ၊ သာသာယာယာနဲ့ သတင်းစာရှင်းလင်းပွဲကြီးတောင် လုပ်လိုက်သေးတယ်။
အာ့လာာာာာ....

အင်း... အခြား ဘာထူးသေးလဲ။
ထမင်းဝအောင်စားထားအဖွဲ့လည်း ဝရမ်းထုတ်လိုက်ပြီးသည်ထိ ရပ်ကွက်ထဲ လာမဖမ်းနဲ့၊ သတင်းစာရှင်းလင်းပွဲလုပ်ပြီးမှ အဖမ်းခံမယ်တို့ ဘာတို့
ငှယ့်... ဝရမ်းပြေးပါဆိုမှ ရဲကို သူ့ရည်းစားချိန်းသလို ဘယ်နေရာမှာဖမ်းရင် ခံမယ် မခံဘူး လုပ်နေသေးတယ်။
ရလည်း ရသဟ... အံ့ရော

အဲ့လို ယိုင်နဲ့ရုံမက သွင်သွင်ကျိုးနေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးနဲ့ ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ ဘယ်လိုရှေ့ဆက်မလဲ ရင်လေးမိတယ်။
ပြည်သူကို ပေါ်တင်လိမ်နေတဲ့လူတွေကို အရေးမယူတာပါ ဝိုင်းလိမ်နေတာနဲ့ အတူတူပါပဲ။

မောင်ဆံဠင်းပဲ အေးတယ်။
အလှူလေး ခံလိုက်.... ရေထဲလေး နည်းနည်းဆင်းလိုက်
အလှူငွေနည်းလာရင် ခေါင်းလောင်းဆယ်မယ် လုပ်လိုက်
သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပဒီးပဒါးတွေပြောလည်း သတင်းသွားယူရရှာတာပဲ။
အိမ်း.... တယ်ကောင်း

ရွှေမှုံလေး ရေစိမ်တာမှ ပေါက်စီကြည့်ရသေးတယ်။
မောင်ဆံဠင်း ရေထဲဆင်းလို့ကတော့ သူ့ခေါင်းလောင်းက ဒေါင်ဒေါင်မမြည်ဘဲ တဘတ်ဘတ်ပဲ မြည်မယ့်ဟာကြီး။
ကျက်သရေတွေက နေ့ရော ညပါ 24/7 တုံးတာ တုံးတာဆိုတာလေ
ခွက်​ဒက်​....ပိုဆယ်​လန်

အဲ့လိုဆို | Ecency