Introduce Myself

Words
222
Reading
1 min
Listen
Play
9y

မူရင်းတင်သူ နာမည်ကြီးမှာ စိုးလို့ Credit ပေးရင် နာမည်မတပ်ကြတဲ့ ဆယ်လီ Page တွေ Account တွေမှ အများကြီး…
image

တစ်ချို့ဆို ဗွီဒီယိုဖိုင်တွေ
လွယ်လွယ်ကူကူ share လို့ ရနေတာတောင် Share Button မနှိပ်ဘဲ ခက်ခက်ခဲခဲ ပြန်ဒေါင်း ပြန်တင်ပြီး မကောင်းတတ်လို့ Credit ပေးတော့မှ Original Uploader ဆိုပြီး လာသေးတာ…
ဘာအထာလဲဟင်…
share ကြမယ်မှန်း သိတော့ မူရင်းကို မ share ပဲ ကိုယ်ပဲ share များချင်လို့လား…
ရူးပါ့နော် (celeရူး)

တစ်ချို့ဆို လုံးဝကြီး မဖြစ်တော့လို့ credit ပေးတာ crd တဲ့ ဖွက်ထားချင်သေးတာ…
အောက်မှာ တော်လိုက်တာတို့ ရယ်ရတယ်တို့ ပြောထားရင် ခပ်တည်တည်နဲ့တောင် စတေကာတွေ ပေးချင် ပေးထားသေးတာ…

စာတစ်ပုဒ်ဖြစ်ဖြစ် အကြောင်းအရာ တစ်ခုဖြစ်ဖြစ် မူရင်းရေးသူ တင်သူက ဦးနှောက် နှလုံးသားနဲ့ အချိန်ကို ပေးပြီး ကိုယ့်ရင်သွေးလို မွေးထုတ်ထားတာပါ…
နာမည်ကြီးမယ်ဆို ကြီးထိုက်ပါတယ်…
ဒါကို ဘာလို့ ဖုန်းဘေ လေးစိုက်ပြီး အချောင် နာမည် ဝင်ယူချင်နေကြတာလဲ…

သာမာန် ယူဆာတွေကို သိပ်မပြောလိုပါဘူး…
တစ်ချို့ဆို ကျမ စာတွေကို credit တောင် မပေးဘူး…
ဒါပေမယ့် ဘာမှ လိုက်ပြောမနေတော့ဘူး…
သူတို့ဟာ credit ပေးဖို့တောင် သိချင်မှ သိမှာ ဖြစ်သလို
သိလည်း friend လေး သုံးလေးယောက် ရှိတဲ့ Acc မှာ တင်တာ ဘာမှ မပြောလိုဘူး…

အရင်ကဆို M Troller ဆိုတဲ့ Page က ကျမ ဉာဏ်စွမ်းရှိသလောက် ရေးထားတဲ့ လူကြိုက်များမယ် ထင်ထာတွေကို သူ့ Page မှာ ကူးတင်ပြီး Credit လုံးဝ မပေးဘူး…
သွားပြောလွန်းလို့ ပေးတော့မှ #Mtrollersmmh# လို့ ပေးတယ်တဲ့…
အံ့သြကုန်နိုင်ဖွယ်ပါပဲ…
နောက်ဆုံးချိန်ထိတောင် smmh လို့ တမင် ပေးခဲ့တယ်…
ဘယ်သူမှ ရှာမရအောင်…

သူက တော်သေးတယ်…
တစ်ချို့ Page တွေဆို သွားပြောရင် ဘန်းလိုက်တာ…
ဘာလို့ မူရင်းရေးသူ တင်သူ တွေကို အသိအမှတ်ပြုဖို့ သေမလောက် ကြောက်နေကြတာလဲ…

အဲ့လို အကျင့်ပျက်တာကလည်း သာမာန်ယူဆာတွေထက် ဆယ်လီ ဆိုတာတွေ များတယ်…
ဆယ်လီဖြစ်လာလေ သူများ ဦးနှောက် ဖောက်စားပြီး နာမည်ယူချင်လေပဲ…

သူတို့က ခိုးတာထက် တောင် ဆိုးသေးတယ်…
သူခိုးကမှ ခိုးပြီးရင် ဖွက်သုံးတာ…
သိက္ခာတော်ရ ဆယ်လီကြီးတွေ ကတော့ ပြောင်ပြောင်တင်းတင်း ယူတင်မယ် …
Credit ကို တမင် နာမည် ဖြုတ်မယ်…
လာပြောတဲ့ကောင်က မနာလိုလို့ ဆိုတဲ့ အချိုး…

သူများစာတွေ ပုံတွေသာ ဒီလို ယူတာ…
သူတို့စာတွေ သူများ ယူကြည့်ပါလား…
ဆယ်လီနှင့်တကွ နောက်လိုက်ဗိုလ်ပါ အပေါင်း ခြံရံပြီး နလံမထူအောင် သွားဆဲကြတာလေ…

ကျလည်း ကျလောက်ပါရဲ့လေ…
လာမဆဲနဲ့နော်…
ပြန်မဆဲဘူး…
ဇကာပေါက်နဲ့တိုင်မှာ
ဒါမှ ဆဲတဲ့ကောင်တွေ log ကျပြီး did လည်မှာ …
ခ်ခ်…
Shoon Mi Mi Htet ဆီမှကူးယူသည်
ကျေးဇူးတင်ပါတယ် Shoon Mi Mi Htet

Introduce Myself | Ecency