My Travel Dream Destination

Hello.

I want to go on a pilgrimage to Mann Shwe Sat Taw.
I have been to Mann Shwe Sat Taw before.
However, I haven't been there in over 16 years.

Image Source of Mann Shwe Sat Taw
Mann Shwe Sat Taw is located next to the Mann River among the forests in Magway Region, Myanmar.
Shwe Sat Taw means the footprints of the Buddha.
It is said that when Lord Gautama Buddha appeared in Nepal in ancient times, the Lord came to that place in Myanmar and placed his feet as a symbol.
I don't know whether it is true or not.

I am a traditional Buddhist, so I pay my respects to pagodas.
One of the reasons why I want to visit Mann Shwe Sat Taw is because I want to relax and soak in the water of Mann River.
As the Mann River flows through the mountains, the bed of the stream is clear and cool because of small stones.
The place where the Mann Shwe Sat Taw Festival is held has a wide rocky beach and shallow water.
So soaking in the stream water is a luxury for this summer.

Image Source of Mann Shwe Sat Taw
The Mann Shwe Sat Taw Pagoda Festival is held every year from February to April.
Because the festival site is not near towns and villages, but by a stream in the middle of the forest, temporary lodges have been built for pilgrims.

This year, I won't be able to visit Mann Shwe Sat Taw.
If the terrorist army has been defeated, I plan to visit the next two occasions during the Mann Shwe Sat Taw festival.

Image Source of Mann Shwe Sat Taw
When I get to Mann Shwe Sat Taw, I can not only swim but also climb mountain.
I will see the natural scenery along the ridge, so I will be able to take memorable photos.

You can watch the views of Mann Shwe Sat Taw in the below YouTube channel.

Now, it is learned that an elephant camp resort has been opened near the Mann Shwe Sat Taw.
We can stay at the elephant camp and enjoy the natural beauty by riding an elephant.

Image Source of Elephant camp
So, I decided to go on a pilgrimage to Mann Shwe Sat Taw next year.

You can learn Dream Destination Contest in [this post](Indiaunited Weekly Contest #1 @indiaunited/indiaunited-weekly-contest-1)of @indiaunited .

Burmese language,

မင်္ဂလာပါ။

ကျွန်တော် မန်းရွှေစက်တော် ဘုရားဖူးသွားချင်ပါတယ်။
မန်းရွှေစက်တော် သို့ ကျွန်တော် ယခင်က ရောက်ဖူးပါတယ်။
သို့သော် ကျွန်တော် ထိုဆီ မရောက်ဖြစ်တာ ၁၆ နှစ် ကျော်ခဲ့ပါပြီ။

မန်းရွှေစက်တော် သည် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ထဲက တောတောင်တွေကြားက မန်းချောင်း နဘေးမှာ တည်ရှိပါသည်။
ရွှေစက်တော် ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခြေတော်ရာ ကို ဆိုလိုခြင်း ဖြစ်သည်။
ရှေးအခါက နီပေါနိုင်ငံ၌ ဂေါတမဗုဒ္ဓမြတ်စွာဘုရား ပေါ်ထွန်းတော်မူစဉ် မြန်မာနိုင်ငံက ထိုနေရာသို့ ဘုရားရှင် ရောက်ခဲ့ပြီး အမှတ်အသား အဖြစ် ‌ခြေတော်ရာ ထားရှိခဲ့သည်ဟု ဆိုကြပါသည်။
မှန်မမှန်ကိုတော့ ကျွန်တော် မသိပါ။

ကျွန်တော်သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်သောကြောင့် စေတီ ဘုရားများကို ရိုသေစွာ ဖူးမြော်လေ့ရှိပါသည်။
မန်းရွှေစက်တော် သွားရောက်ချင်ရသည့် အကြောင်းရင်းတခုသည် မန်းချောင်းရေ ထဲ၌ စိမ်ကာ အပမ်းဖြေချင်သောကြောင့် ဖြစ်သည်။
မန်းချောင်းရေသည် တောင်‌တွေကြား ဖြတ်၍ စီးဆင်းလာသလို ချောင်း ကြမ်းပြင်သည် ကျောက်ခဲငယ်များရှိသောကြောင့် ကြည်၍ အေးမြလှသည်။
မန်းရွှေစက်တော် ပွဲတော် ကျင်းပရာ နေရာ၌ ကျောက်ခဲသောင်ပြင် အကျယ်ကြီး နှင့် ချောင်းရေသည် တိမ်ပါသည်။
သို့ဖြစ်၍ ချောင်းရေထဲ စိမ်နေရသည်မှာ ယခုလိုနွေရာသီအတွက် ဇိမ်ရှိလှပါသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်သည် နှစ်စဉ် ဖေဖော်ဝါရီလ မှ စတင်၍ ဧပြီလ ထိ ကျင်းပလေ့ရှိသည်။
ပွဲတော်ကျင်းပရာနေရာသည် မြို့ရွာများအနီး၌ မဟုတ်ဘဲ တောတောင်များကြားက ချောင်းနဘေး ဖြစ်သောကြောင့် ဘုရားဖူး လာရောက်လည်ပတ်ကြသူတွေ အတွက် ယာယီတည်းခိုခန်းများ ဆောက်လုပ်ထားကြပါသည်။

ဒီနှစ်မှာတော့ ကျွန်တော်သည် မန်းရွှေစက်တော် သို့ မသွားရောက်နိုင်တော့ပါ။
အကယ်၍ အကြမ်းဖက်စစ်တပ် ကျဆုံးပြီးသွားလျှင်တော့ နောင်နှစ်ခါ မန်းရွှေစက်တော် ပွဲတော်ရက်များ၌ သွားရောက်လည်ပတ်ရန် စိတ်ကူးထားပါသည်။

မန်းရွှေစက်တော် သို့ ရောက်လျှင် ရေကူးနိုင်ရုံသာမက တောင်တက်ခြင်းကိုလည်း ပြုလုပ်နိုင်သည်။
တောင်ကြောတလျှောက် သဘာဝရှုခင်းများကို တွေ့မြင်ရမည် ဖြစ်သောကြောင့် အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးနိုင်မည်။

ယခုအခါ မန်းရွှေစက်တော် အနီး၌ ဆင်စခန်း Resort တခု ဖွင့်လှစ်ထားသည်ကို သိရှိရသည်။
ထို ဆင်စခန်း ၌ တည်းခိုကာ ဆင်စီး၍ သဘာဝအလှများ ရှုစားနိုင်မည်။

သို့ဖြစ်၍ ကျွန်တော်သည် လာမည့်နှစ် ၌ မန်းရွှေစက်တော်ဘုရားဖူးသွားရန် စိတ်ကူးဆုံးဖြတ်ထားလိုက်ပါတော့သည်။

@golden.future

H2
H3
H4
3 columns
2 columns
1 column
21 Comments
Ecency