Hello
The summer sun is very hot.
The heat is intense.
However, for those who can't live in the shadows, I have to go out and earn.
I have to pass in the sun.
The world is warming.
The weather is getting more aggressive.
Human minds and actions have become more corrupt than the above.
As people destroy nature, nature will return harm to people.
The juxtaposition of the scorching sun and the dry trees can be seen and felt as natural beauty.
However, living under the sun itself is difficult to be affected by the heat.
The body began to suffocate from the excrement.
Dehydration often causes shortness of breath.
I often have to go out in the sun because of Livelihood which is worse than that problem.
But I began to feel the poverty as a beautiful suffering.
Because I am the leader of a family.
Burmese Language,
မင်္ဂလာပါ
နွေရာသီ နေ ကား အလွန် ပူပြင်းလှသည်။
အပူဒဏ်ကား ပြင်းထန်လှသည်။
သို့သော် အရိပ်ထဲမှာ မနေနိုင်သူ အဖို့ အပြင်ထွက်ကာ ဝင်ငွေရှာရသည်။
ကျွန်တော် နေပူထဲမှာ သွားလာရပါသည်။
ကမ္ဘာကြီးသည် ပူနွေးလာနေသည်။
ရာသီဥတုသည် ပိုမို ဖောက်ပြန်လာနေသည်။
လူသားတို့၏ စိတ် နှင့် လုပ်ဆောင်ချက်တွေက အထက်ပါအရာတို့ထက် ပိုမို ဖောက်ပြန်ဆိုးရွားလာသည်။
လူတွေ သဘာဝတရားကို ဖျက်ဆီးလာသည်နှင့်အမျှ သဘာဝတရားကလည်း လူတွေကို ဒုက္ခပြန်ပေးပါလိမ့်မည်။
ပူလောင်နေသော နေမင်း နှင့် ခြောက်သွေ့နေသော သစ်ပင်တို့၏ ယှဉ်တွဲနေပုံ ကို သဘာဝအလှ ဟု ရှုမြင် ခံစားနိုင်သည်။
သို့သော် လူကိုယ်တိုင် နေရှိန်အောက်မှာ နေရသည်ကတော့ အပူဒဏ်ခံရခက်လှသည်။
ချေးတွေ ထွက်ရာမှ ခန္ဓာကိုယ် စီးကပ်လာသည်။
ရေဓာတ်ခမ်းခြောက်လာရာမှ မောဟိုက်လာတတ်သည်။
ထိုဒုက္ခ ထက် ဆိုးသော ဝမ်းစာရေး အတွက်ကြောင့် ကျွန်တော် နေပူထဲ ထွက်ရလေ့ရှိသည်။
ကျွန်တော်ကား ပင်ပမ်းဆင်းရဲမှုကို ဒုက္ခလှလှ အဖြစ် ခံစားနေလိုက်ပါတော့သည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်က မိသားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်နေလို့ပါပဲ။