Staring at the clouds day after day is tired.
If I am out of breath, I will be out of breath because of the hot sun and sweat.
Just like the crops in the fields are waiting for the rain, I am also waiting for the rain.
Crop plants are waiting for rain because of thirst and we are waiting for rain because of heat.
These days it's getting hotter and the rain clouds are getting thicker.
Sometimes a little rain falls, and the clouds are blown away by the wind.
In fact, the gray clouds should have rained down.
Only then will the crops be able to bear fresh fruit after receiving the rain.
We will also enjoy the cool weather.
May Dark clouds rain.
တိမ်မဲညိုညိုဆိုင်း ရှစ်ခွင်တိုင်း မှိုင်းလို့ မှုန်ရီ
တစ်နေ့တနေ့ တိမ်တွေကို မျှော်ငေးနေရတာလည်း အမောတကောပါပဲ။
အမောတကောဆို နေပူရှိန်နဲ့ ချွေးပြိုက်ပြိုက်ကြလေတော့ မောဟိုက်ရပေတာပေါ့။
လယ်တောထဲက သီးနှံပင်တွေ မိုးမျှော်နေသလို ကိုယ်တွေလည်း မိုးမျှော်မိနေတာ။
သီးနှံပင်တွေက ရေငတ်လို့ မိုးမျှော်နေတာ ဖြစ်ပြီး ကျွန်တော်တို့ကတော့ ပူအိုက်လို့ မိုးမျှော်နေမိတာပါ။
ဒီရက်ပိုင်း ပိုပြီး ပူအိုက်လာသလို မိုးတိမ်တွေလည်း ပိုထူထပ်လာပါတယ်။
တခါတလေ မိုးပေါက်လေး အနည်းငယ် ကျလာတာမျိုး ရှိပြီး လေတိုက်သောကြောင့် တိမ်တွေ လွင့်သွားတာလည်း ရှိပါတယ်။
တကယ်ဆို တိမ်မဲညိုတွေက မိုး အဖြစ် ရွာချသင့်ပါပြီ။
သို့မှသာ သီးနှံပင်တွေ မိုးရေရပြီး လန်းဆန်းကာ ပွင့်သီးနိုင်ကြပါမည်။
ကျွန်တော်တို့လည်း အေးမြသော ရာသီဥတုကို ခံစားရကာ နေပျော်ပါမည်။
တိမ်ညိုမည်းတို့ရေ မိုးရွာချပါတော့ဟေ။