Report Card 🔥

Words
112
Reading
1 min
Listen
Play
1y

ဆိုတော့...


ခေါင်းစဉ်အတိုင်းပဲ မနေ့က Report Card တွေထွက်လာခဲ့တယ်။ ဖြစ်စဉ်က...

အရင်နေ့တွေကလိုပဲ ကျောင်းမှာစာသင်လိုက် ဆော့လိုက်နဲ့ပေါ့။ ကျောင်းဆင်းဖို့ ၅ မိနစ်လောက်လို‌တော့ကြမှ ကျွန်ုပ်အတန်းပိုင်ဆရာမက Surprise ဆိုပြီးတော့မှ မ‌မျှော်လင့်ထားတဲ့ဟာကြီးလာပြောသွားတယ်။ ဝါတွင်းဆိုတော့ တနင်္ဂနွေနေ့၊ လပြည့်လကွယ်နဲ့ ၇ ရက် ၈ ရက်တို့ပဲပိတ်တာကို။ ဖြစ်ချင်တော့ စနေန့က မြန်မာ‌နေ့နဲ့ဆို ၇ နဲ့သွားတိုးတော့ ကျောင်း ၂ ရက်ပိတ်သလိုဖြစ်သွားတာပေါ့။ အဲ့တော့ကျွန်တော်လည်း မျောက်အုန်းသီးရသလို ဖြစ်လို့တောင်မပြီးသေးဘူး ဆရာမက စနေန့ကျောင်းသန့်ရှင်းရေးခေါ်မယ်တဲ့။

မိမိ၏အ‌ခြေအနေ--->

ပြောချင်တာက ကျောင်းပိတ်ရက်ကလေးတော့ အိမ်မှာပဲနေလို့မရဘူးလား။ ဒါပေမဲ့ ကျောင်းအုပ်ဆရာမကြီးက ခိုင်းလိုက်တာဆို‌တော့လဲ လုပ်ရတော့မှာပဲပေါ့။ ညဖက်ဖုန်းကြည့်ရင်း အိပ်ရာ၀င်တာနောက်ကျသွားတာ မနက်တော့‌တော်တော်နဲ့ မထ။ အိပ်ကအိပ်ချင်၊ ကျောင်းကသွားရဦးမယ်။ ဟုတ်နေတော့တာပဲ။ ပေါက်ပြားတစ်ချောင်းယူပြီး ကျောင်းရောက်သွားတာ၊ ၀င်၀င်ချင်း ကျောင်းအုပ်ဆရာမကြီးနဲ့ ၀င်တိုးရော။ သူ့ကိုမြင်ရင်လန့်‌နေပါတယ်ဆိုမှ သူကအမေနဲ့တောင်စကားပြောနေသေးတယ်။ ကျွန်တော်လဲ ဘာလိုလိုနဲ့မြက်နှုတ်ပြီး အမေတို့လို သူငယ်ချင်းတွေနဲ့အားလူဖုတ်နေလိုက်တာ ခဏနေကြတော့ လက်မှတ်ထိုးမယ်တဲ့။ ကျွန်တော်ကတော့ လာပြီးသန့်ရှင်းရေးလုပ်တဲ့အကြောင်း သိအောင်လို့ထင်နေတာ။ ခဏနေကြမှ ကျွန်တော့ရဲ့သူငယ်ချင်းကို သူ့အမေဆူနေတာတွေ့မှ Report Card လက်မှတ်ထိုးရမှာမှန်းသိတယ်။ ထွက်လာတော့ A -၁ လုံး၊ B-၂ လုံးနဲ့ C-၃ လုံးတဲ့။
ကျွန်တော်ကတော့...


စုစုပေါင်းအမှတ်တောင် ၃၈၄ မှတ်ပဲရလို့ ကျွန်တော် တော်တော်လေးစိတ်ညစ်မိတယ်။ အမေကတော့ ကောင်းပါတယ်တဲ့။ ကျွန်တော့သူငယ်ချင်းကတော့ အဆူ၏ခံရတုံးခဏ ပြီးတော့ရုပ်က ဒီးအတိုင်းကဒီအတိုင်းပါပဲ။ ဘာပဲဖြစ်ဖြစ် C အခန်းထဲရောက်နေတော့ သေချာတာတစ်ခုက Top-5 တော့၀င်ပါတယ် 😎

(Thumbnail: mad by Canva)
(Gif: just some random memes from internet)

Report Card 🔥 | Ecency