လူငယ်နှင့် မူးယစ်ဆေးဝါး ၁၆(ဂ) အပိုင်း-၂ #law5

လူငယ်နှင့် မူးယစ်ဆေးဝါး ၁၆(ဂ) အပိုင်း- ၁ ကို ဖတ်ရန်

img_0.4252640249745201.jpg
Photo credit - Pixabay Photo Source
Reedited - @johndieo

အမှုမဖြစ်အောင်ဘယ်လိုလုပ်မလဲ?
အဓိကပြောချင်တာက မစမ်းကြည့်သင့်တာကို မစမ်းဖို့ပါ။ ဒီဝဲ(မူးယစ်ဆေးဝါး)က ရုန်းထွက်ရ အလွန်ခက်ပါတယ်။ မိဘတွေအနေဖြင့်လည်း သားသမီးများအား မူးယစ်ဆေးဝါးပေါများသည့် ပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါးသုံးစွဲသည့်ပတ်ဝန်းကျင်ကနေ ကိုယ့်ရဲ့သားသမီးတွေ မပတ်သက်မိစေရန် သတိထားစေချင်ပါတယ်။ တားမရလို့ သုံးမယ်ဆိုလည်း သုံးကြပေါ့ဗျာ။တစ်ကယ်လို့ သင်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူဆိုရင် အောက်ပါအချက်တွေကို သိထားသင့်ပါသည်-

(၁) နေရာတိုင်းတွင် အပ်(သတင်းပေး)တွေရှိနိုင်ပါတယ်။

(၂)မူးယစ်ဆေးဝါးဝယ်ယူရာတွင် 30 G (WY 30ပြားထက်) ပိုမိုဝယ်ယူသိမ်းဆည်းခြင်းမပြုပါနဲ့

(၃)တစ်ချို့သော လူငယ်များသည် ICE ကို အကြောမှတစ်ဆင့် ထိုးသွင်းသူများရှိသောကြောင့် တစ်ခါသုံးအပ် ကိုသာအသုံးပြုပါ။ အနည်းငယ်သော မူးယစ်ဆေးဝါး (WY ၄ပြား)အောက်ဆိုလျှင် မဖမ်းမိခင်(အရေးပေါ်ဖမ်းခံရနိုင်ချေ) ဝါးစားလိုက်ပါ (ဒီလောက်တော့ အကိုတို့နိုင်မှာပါ)။ မလွဲမရှောင်သာ လွှတ်ပစ်ရမည်ဆိုလျှင် လွတ်ကင်းရာသို့သာ ပစ်ပါ ( ဥပမာ- မြစ်/ချောင်းများ၊ အိမ်သာအတွင်းသို့၊ မိမိနှင့် အနည်းဆုံး ကိုက် ၂၅၀ အထက်ကိုသာပစ်ပါ )

(၄)WY သုံးခြင်း / ICE သုံးခြင်းတို့သည့် သင်၏ သွားများ ပျက်စီး/ကျွတ်ထွက်စေပါသည်။ ကာလသားရောဂါ / အဆုတ်/အသည်း/ကျောက်ကပ် နှင့် နှလုံးတို့ကို ဆိုးဝါးစွာ ဒုက္ခပေးတက်သောကြောင့် (၆)လ တစ်ကြိမ် ဆေးစစ်မှုခံယူပါ

(၅)မူးယစ်ဆေးဝါးကို အလုံးစုံဖြတ်နိုင်အောင်ကြိုးစားပါ ( ဒီဝဲထဲမှာ ကျင်လည်းရသည်မှာ အလွန်ပျင်းစရာကောင်းမှာပါ။ ပတ်ဝန်းကျင်အသစ် မှာ အတွေ့အကြုံအသစ်ကိုရှာပါ)

(၆)မူးယစ်ဆေးဝါးသည် ဦးနှောက်၏ လုပ်ဆောင်ချက်ကိုအလွန်ကျဆင်းစေပါသည်( သုံးနေတုန်းကောင်းပြီး မသုံးရင်ပြိုင်းပြီလေ။ ဒီလို ဖြေရင်း ဖြေရင်းနှင့် ပိုတိုး၍ သာလိုအပ်မှာပါ)

(၇) အမြဲတမ်း တိုး၍သာ လိုအပ်တက်သော မူးယစ်ဆေးကြောင့် မိမိခေါင်းထဲတွင် အချိန်ပြည့်ဒီအကြောင်းသာရှိနေပြီး ငွေကြေးအခက်အခဲရှိလာနိုင်ပါသည်။

(၈)ငွေကြေးအခက်အခဲကြောင့် သုံးစွဲသူကနေ ရောင်းချသူထိ အဆင့်မြင့်လာပြီး မူးယစ်ပုဒ်မ ၁၉(က)/ ၂၀/ ၂၃ တွေပါ ကပ်လာနိုင်ပြီး မိမိဘဝကို ထောင်ထဲမှာသာ ရှင်သန်ရတက်ပါသည်။

ပြောခဲ့သလို့ သူအကြောင်း ပြောမဆုံးပေါင် တောသုံးထောင်မကရှိပါတယ်။ နောက်ရက်တွေမှာ တစ်ကယ့်အမှုဖြစ်ပြီး အမှုရင်ဆိုင်ရသူတို့၏ ဘဝတွေ၊ရင်ဆိုင်ပုံတွေ၊အခက်အခဲတွေ၊ မိသားစုပြိုကွဲရပုံတွေကို စီရင်ချက်တွေကိုပါ ပြည့်ပြည့်စုံစုံလေး တင်ပြပေးပါ့မည်။

ဥပဒေဆိုင်ရာများ ဆက်လက်ရေးသားပါအုံးမည် ----

@johndieo
4.1.2021
#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain #creativecoin #creativewriting #neoxian #archon #hive #asianhivecommunity

img_0.2766733809050379.jpg
@johndieo
2.1.2021

Don't miss the following Post
(၁)လူငယ်နှင့် မူးယစ်ဆေးဝါး ၁၆(ဂ) အပိုင်း - (၁)
(၂)Rule Of Law
(၃)Pray For New Year
(၄)My Favorite Food
(၅)Bye 2021 and welcome 2022
(၆)My Experience ( To install POS system)
(၇)The Girl On The Train (Book Review)
(၈)Late Lunch
(၉)Crypot နှင့် မြန်မာ့ဥပဒေ
(၁၀)Famous Cave In Shan State
H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency