နှစ်သစ် ဆုတောင်းစကား

img_0.7146996801370227.jpg

Hive Myanmar မိသားစုများအားလုံးမင်္ဂလာပါခင်ဗျ။ ပုံမှန်ဆို ဒီနေ့ ဥပဒေအကြောင်းတင်ရမှာ ဒါပင်မဲ့ နှစ်သစ်ကို အမှုအကြောင်းနှင့် မစချင်သေးတာကြောင့် နှစ်သစ်ဆုမွန်ကောင်းလေးဘဲတောင်းပေးပါရစေ။ မနက်ဖြန်တင်မည့် ဥပဒေလေးကတော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၆(ဂ) အကြောင်းလေးဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံမှာ လူငယ်အများကိုထောင်ထဲထည့်ထားတဲ့ ဥပဒေတစ်ခုဆိုပါတော့ဗျာ။ မနက်ဖြန်မှ အသေးစိတ်တင်ပေးပါ့မယ်နော်။

ကျွန်တော်တို့ ဘာလိုလိုနှင့် ၂၀၂၂ ခုနှစ်ကိုရောက်ရှိလာခဲ့ပါပြီး။ ၂၀၂၁ ခုနှစ်ကတော့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာနှစ် တစ်နှစ်ဆိုရင်မမှားပါဘူး။ ကျွန်တော်တို့ ရည်မှန်းချက်တွေပျောက်ခဲ့တဲ့နှစ်၊ မျှော်လင့်ချက်တွေကုန်းဆုံးသွားတဲ့နှစ်၊ လမ်းမထက်မှ အသက်တွေသတေးခံကြရတဲ့နှစ် တစ်နှစ်ပါ။ ဒါကျွန်တော်တို့ ၂၀၂၂ မှာ ဘာကိုမျှော်လင့်နိုင်မှာလဲ။ ကျွန်တော်အထင် ကျွန်တော်တို့ ၂၀၂၂ မှာ ထွေထွေထူးထူးဘာမှမျှော်လင့်လို့ရမယ် မထင်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကဆက်လက်ကျဆင်းနေအုံးမှာဖြစ်ပြီး ကျွန်တော်တို့လည်း အကြောက်တရားတွေ၊ စိတ်နာကြည်းချက်တွေ၊မျှော်လင့်ချက်မဲ့နေတာတွေ ဆက်လက်ရင်ဆိုင်ကြရအုံးမယ်ထင်ပါတယ်။
ပြစ်မှုတွေအနေဖြင့်- အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ခိုးဆိုးလုနှိုက်မှုတွေ၊ မှုယစ်ဆေးဝါးသုံးစွဲမှုတွေ၊ ကိုယ့်ကိုယ်သက်သေမှုတွေ ကတော့ တိုးလို့ဖြစ်ပွားလာမည်လို့ထင်ပါတယ်။
ဒါဆိုကျွန်တော်တို့ ၂၀၂၂ မှာ ဘယ်လိုနေထိုင်ကြမလဲပေါ့နော်။

ကျွန်တော်အနေနှင့်ကတော့ -
(၁)အခက်အခဲတွေကြားထဲမှာ ရည်မှန်းချက်တစ်ခုထားပါ၊
(၂) အားနည်းသူကိုတက်လောက်သလောက်ကူညီပါ၊
(၃)ငွေကြေးကို ချွေတာသုံးစွဲပါ၊
(၄)မလိုအပ်ဘဲနှင့် စကားတွေအများကြီးမပြောဖြစ်အောင်နေပါ၊
(၅) ဘာသာရေးကို အချိန်ပေးပြီးလုပ်ဆောင်ပါ၊
(၆)မိမိကျန်းမာရေးကိုဂရုစိုက်ပါ၊
(၇)တစ်လကို စာအုပ်တစ်အုပ်လောက် ပြီးအောင်ဖတ်ပါ၊
(၈)မိသားစုအပေါ် တက်နိုင်သလောက် ဂရုစိုက်ပါ

ကျွန်တော်လို လူအတွက်ကတော့ ဒီလောက်ဆို အတော်လေးပြည့်စုံပါပြီလို့ထင်ပါတယ်။

ကျွန်တော်တို့ ၂၀၂၂ ခုနှစ်မှာ ရင်ဆိုင်ရမည့်အခက်အခဲတွေကြားထဲမှာမှ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကြပါစေ၊ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးရင်း ဒီနေ့ Post လေးကို အဆုံးသတ်လိုက်ပါရစေ။

img_0.2766733809050379.jpg
@johndieo
1.1.2021
All photos are taken by me.

You should also read the following Post
(၁)My Favorite Food
(၂)Bye 2021 and welcome 2022
(၃)My Experience ( To install POS system)
(၄)The Girl On The Train (Book Review)
(၅)Late Lunch
(၆)Crypot နှင့် မြန်မာ့ဥပဒေ
(၇)Famous Cave In Shan State
(၈) လက်နက်များအပ်ဥပဒေ
(၉) မိစ္ဆာကျွန်း
(၁၀) ဥပဒေအကြောင်းလူတိုင်းသိစေရန်
(၁၁) Never Grow Up: Book Review
H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency