ရထားပေါ်ကမိန်းကလေး (Book Review #3)

img_0.28912314677198747.jpg

ရထားပေါ်က မိန်းကလေးစာအုပ်သည် နာမည်ကြီးစာရေးဆရာမ Paula ကရေးသားခဲ့ပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားခြင်းခံရသောဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း အုပ်ရေ ၁၅ သန်းကျော်ရောင်းချခဲ့ပြီး ဝတ္ထုတွင်ကြိုတင်ခန့်မှန်းလို့မရသော ဇာတ်အိမ်မျိုးဖြစ်ပြီး အလှည့်အပြောင်းအလွန်များပြားလှပြီး အရမ်းကိုစိတ်ဝင်စားစရာကောင်းလှပါတယ်။ The Girl On The Train စာအုပ်ကို ဆရာချမ်းမြေ့ဝင်းမှ မြန်မာဘာသာပြန်ထားပြီးမှ ကျွန်တော် ဒီစာအုပ်ကလေးနှင့် ရင်းနှီးသွားခဲ့ခြင်းဖြစ်ပါသည်။

ဒီလိုဆိုရင် ဇာတ်လမ်းအကျဥ်းလေးကိုလေ့လာကြည့်ကြရအောင် ....
မိန်းကလေးတစ်ယောက် ဒီထက်ရှင်းအောင်ပြောရလျှင် ကလေးမရနိုင်သော အမျိုးသမီးတစ်ယောက်။ ကလေးမရနိုင်သောကြောင့် ယောက်င်္ကျားဖြစ်သူက စွန့်ပစ်ခြင်းကို ခံရသော အမျိုးသမီးတစ်ယောက်။ သူမအတွက် အရာရာ စိတ်ဓာတ်ကျစရာဖြစ်ပြီး အလုပ်ပါပြုတ်သွားခဲ့ပြီး နေစရာနေရာအတွက်တောင် အခက်အခဲဖြစ်နေပါတော့သည်။ ဒီမိန်းကလေး ဘဝပျက်နေသော မိန်းကလေသည် မနက်တစ်ကြိမ် ညတစ်ကြိမ် ရထားစီးရင်း ပုံမှန်အလုပ်သွားနေသူတစ်ဦးခဲ့သို့ ဟန်ဆောင်နေခဲ့ပါတယ်။ ရေသန့်ဗူးထဲ အရက်ထည့်သောက်တက်သည့် မိန်းမတစ်ယောက်အနေဖြင့် ရထား၏မီးပွိုင့်တစ်ခုမှာ အိမ်နံပတ် (၁၅) ကိုကြည့်ရင်း စိတ်ကူးယဥ်နေခဲ့ပါတယ်။ ဒီအိမ်က အမျိူးသားက ဘာအလုပ် လုက်တယ်၊ သူ့အမျိုးသမီးက ဘာအလုပ်လုပ်တယ် တွေးထင်းရင်း သူမစိတ်ထဲမှာ သူတို့နှင့်ရင်းနှီးခဲ့ပါသည်။

img_0.06004761787546335.jpg

ကလေးမရနိုင်၍ စိတ်ဓာတ်ကျနေသည့်အချိန်တွင် လင်ယောင်္ကျားဖြစ်သူက အခြားအမျိုးသမီးတစ်ယောက်နှင့် ဖောက်ပြန်ပြီး ကိုယ်ဝန်ရသွားခဲ့ပါတယ်။ နောက်ပိုင်း လင်ယောင်္ကျားဖြစ်သူမှ ကလေးမရနိုင်သည်ကို အကြောင်းပြပြီး သူမအားလမ်းခွဲခဲ့ချိန်မှာတော့ သူမဘဝသည် မြစ်ဧရာမှ ဆုံဆန်မျှောနေသော မဗေဒါဘဝ သို့ရောက်ရှိခဲ့ပါတယ်။ တစ်နေ့မှာပေါ့ သူမသည် အရက်အလွန်အကျွန်သောက်ပြီး ထိုနေ့ညက ဘာဖြစ်မှန်းမသိခဲ့ပါဘူး။ အိပ်ယာက နိုးလာချိန်မှာတော့ သူများကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ ဧည့်ခန်း၌ သူမ၏ အန်ဖက်တွေ မစင်တွေ ပြည့်နက်နေခဲ့ပါတယ်။ ဘာမှမမှတ်မိပင်မဲ့ ထို့နေညက ဆိုးဝါးလွန်းလှသည့် အဖြစ်အပျက်တစ်ခုဖြစ်ပျက်သွားသည်ကိုတော့ သူမ၏ မသိစိတ်က သိရှိနေခဲ့ပါတယ်။ ထိုည ထိုည၌ အမျိုးသမီးတစ်ယောက်အသတ်ခံလိုက်ရပါတယ်။

img_0.658072473621208.jpg

ထိုအမျိုးသမီးကို သတ်မိတာသူမလား? သူမှမဟုတ်ရင် သူမ၏ခန္ခာကိုယ်မှ ဒဏ်ရာတွေက ဘယ်ကနေဘယ်လိုရရှိခဲ့တာလဲ။ သူမ မမှတ်မိသည့် ထို့ညအကြောင်းကို လိုက်လံစုံစမ်းရင်း ကြောက်မက်ဖွယ်ကောင်းလှသည့် တစ်ကိုယ်ကောင်းဆန်မှု၊ အချစ်အတ္တနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုများ ကြောက်မက်ဖွယ်ကောင်းလှသော လူသတ်မှု၏နောက်ကွယ်က ဘယ်သူဖြစ်နိုင်မလဲ။ သူမအနေဖြင့် ဒီအမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မလား။ ပေးဆပ်မှုတွေကရော တန်ရဲ့လား စိတ်လှုပ်ရှားစရာအပြည့်ဖြင့် သင်ကို ရထားပေါ်က မိန်းကလေးမှ ခေါ်ဆောင်ပါလိမ့်မည်။

ကျွန်တော် Post လေးကိုအဆုံးထိလေ့လာပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါသည်။ ယခု Post သည် မြန်မာနိုင်ငံသား #hive-myanmar အသုံးပြုသူများ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပါသည်။

ကျွန်တော်ရေးသားထားသော Post List များမှာ
(၁) Crypto နှင့် မြန်မာ့ဥပဒေ
(၂)Famous Cave In Shan State
(၃) လက်နက်များအပ်ဥပဒေ
(၄) မိစ္ဆာကျွန်း
(၅) ဥပဒေအကြောင်းလူတိုင်းသိစေရန်
(၆) Never Grow Up: Book Review
(၇) The Silence Sea: Movie Review
(၈) အခြေခံအင်္ဂလိပ်သဒ္ဒါ

Hive ကို အရင်ရောက်နှင့်နေကြသော -> @sheinthu , @mamamyanmar , @ansoe , @myothuzar , @kyi , @donjaun , @kachinhenry တို့လည်းအကြံလေးများမျှဝေပေးစေချင်ပါတယ်။

#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain

img_0.2766733809050379.jpg
@johndieo
30.12.2021
All photos are taken by me©

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency