လူငယ်နှင့် မူးယစ်ဆေးဝါး ၁၆(ဂ) အပိုင်း - (၁) #Law4

ထောင်ထဲတွင်ပြစ်မှုရင်ဆိုင်နေရသူအများစုမှာ လူငယ်များ အသက်အရွယ်အားဖြင့် (၁၈ နှစ် မှ ၄၅) ဖြစ်နေကြတယ်ဆိုရင် သင်အံသြမှာလား? ဒီလိုအမှုရင်ဆိုင်စဲ၊ ပြစ်မှုကျခံစဲ လူငယ်ထဲမှာမှ အများစုမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများဥပဒေဖြင့် အမှုရင်ဆိုင်ရသူများဖြစ်ကြပါသည်။ မူးယစ်ဥပဒေတွင် အပိုဒ်ခွဲ၊ပုဒ်မတွေ များစွာရှိပေမဲ့ အရေးပါသည့်ပုဒ်မခွဲတစ်ခုဖြစ်သည့် ၁၆(ဂ) အကြောင်းကို ရေးသားမျှဝေပေးပါ့မည်။ မူး/ယစ် ပုဒ်မ ၁၆(ဂ) ၏ ဆိုလိုရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

img_0.4252640249745201.jpg
Photo credit - Pixabay Photo Source
Reedited - @johndieo

  • မူးယစ်ဆေးဝါး (သို့) စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးကို လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း ၊ လွဲပြောင်းပေးခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံက လူငယ်လေးများသည် မူး/ယစ် ဆေးဝါကို သုံးစွဲသူများရှိနေကြပါတယ်။ မိသားစုအရေးအဆင်မပြေလို့၊ အလုပ်မှာ စိတ်ဖိစီးမှုများလို့၊အလွယ်တကူရရှိနိုင်သောကြောင့်၊ဈေးနှုန်းသက်သာသောကြောင့်၊ အချစ်ရေး၊အိမ်ထောင်ရေး၊နိုင်ငံရေး အကျပ်အတည်းတွေကြောင့် စသည့်အကြောင်းကြောင်းတွေကြောင့် စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် လွဲမှားစွာအသုံးပြုရင်း မူး/ယစ် သားကောင်ဖြစ်သွားကြသလို၊ တစ်ချို့မှာတော့ သူငယ်ချင်းများ၏ အဖော်ဆွယ်မှု၊ မိမိပတ်ဝန်းကျင်တွင် အလွယ်တကူရရှိမှုတွေကြောင့် စမ်းသပ်ရာကနေ သားကောင်ဖြစ်သွားရပြန်သည်။ ပျော်ရွှင်မှု/ တက်ကြွမှု အခိုက်အတန့်လေးအတွက် အသက်တွေ၊ဘဝတွေ၊ ယုံကြည်ခံရမှုတွေပျောက်သွားနိုင်ပါသည်။ နောက်တစ်ချက်က မူးယစ်ဆေးဝါးတစ်ကြိမ်အသုံးပြုခဲ့ပြီးသူသည် နောက်တစ်ကြိမ်ပြန်တွေ့လျှင် စိတ်ပြန်လည်ပြီးပြန်လည် အသုံးပြုချင်လာကြပါတယ်။ စိတ်၏စေခိုင်းချက်ကြောင့် မဖြစ်မနေသုံးစွဲလာသည့်အတွက် မူးယစ်ဆေးဝါးကသာ စိတ်တွင်ကြီးစိုးလာပါတယ်။ ငွေကြေးမလုံလောက်မှုကနေ ဖြစ်သလိုကြံစည်လုပ်ကိုင်ရင်း မလိုလားအပ်သည့် ပြစ်မှုများကိုပါထပ်မံကျူးလွန်ကြရှာပါတယ်။ ငယ်ငယ်ရွယ်ရွယ်နှင့် အကျဥ်းထောင်/ အချုပ်ထောင်ထဲ ရောက်ကြပြီး အထဲမှာ မထင်မှတ်ထားသည့် အကြမ်းဖက်မှု ( Abuse ) တွေကိုပါ ထပ်မံခံစားရရှာပြန်သည် (တစ်ချို့ကတော့ ဒီလိုဘဝကို သာယာနေတက်ပြန်သည်) ။ မူး/ယစ် ဆေးဝါး၏ ဆိုးကျိုးတွေက ရေးသားလို့မကုန်နိုင်ပါဘူး။ ဒီတော့ ဥပဒေအရ ဖြစ်လာခဲ့သည်ရှိသော် ဘယ်လိုရှင်းကြမလဲဆိုတာသာ အကြံပြုရေးသားပေးပါမည်။

အကျုံးဝင်မှု - မူး/ယစ် ပုဒ်မ ၁၆(ဂ) အရ ပြစ်မှုဆိုရင် ကန့်သက်ချက်ရှိပါသည် WY (30g)၏ အောက် (ခန့်မှန်း အလုံးရေ ၃၀ အောက်ဆိုလျှင်) အပိုဒ်ခွဲ ၁၆(ဂ) တွင် အကျုံးဝင်ပါသည်။

ပြစ်ဒဏ်ကာလ- ပြစ်မှုမြောက်၍ ပြစ်ဒဏ်စီရင်ခံရလျှင် ထောင်ဒဏ် အနည်းဆုံး (၅)နှစ် မှ (၁၀) ထိ ကျခံရနိုင်ပါတယ်။ ( လူ့ဘဝ၏ ၇ ပုံ ၁ပုံဖြစ်သောကြောင့်စဥ်းစားသင့်ပါသည်)

အမှုရင်ဆိုင်စဲကာလ - အခြေအနေအကြောင်းအမျိုးမျိုးပေါ်တွင်မူတည်၍ အမှုရင်ဆိုင်စဲကာလသည် ၆ လ မှ ၃ နှစ်အထိကြာတက်ပါသည်။
ပြစ်ဒဏ်ကို မဆုံးဖြတ်ခင် အမှုရင်ဆိုင်စဲကာလတွင် အသက် ၁၈နှစ် အထက်ဖြစ်ပါက အချုပ်ထောင် (သို့) အကျဥ်းထောင် တစ်ခုခုတွင် အချုပ်သားအဖြစ်နေထိုင်ရမှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်မှ ၁၈နှစ် ဆိုပါက Adolescent ဆောင် (သို့) လူငယ်သင်တန်းကျောင်းတွင် နေထိုင်ရမည်ဖြစ်ပြီး အသက် ၁၆ နှစ်အောက်ဖြစ်ပါက အာမခံရရှိပြီး အမှုအားပြင်ပမှရင်ဆိုင်ရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် မူး/ယစ် အမှုသည် အာမခံလုံးဝမရရှိနိုင်ပါ။(တရားသူကြီး၏ ကနဦးအမိန့်သည် အဓိကကျပါသည်)။

အထွေထွေအကြောင်းအရာ - တစ်ချို့သော သူများသည် ကံမကောင်းကြသူများဖြစ်ကြသည်။အကြောင်းမှာ ကိုယ်တိုင်မသုံးစွဲပါပဲနှင့် အမှုရင်ဆိုင်နေရသူများဖြစ်ကြသည်။ ၄င်းတို့ကို ၁၆(ဂ) ကပ်နိုင်သလို ၁၆(ဂ)/၂၁ ဟူ၍လည်းကပ်နိုင်ပါသည် (၄င်းသည် အမှုစစ်အရာရှိ၏ စွဲဆိုချက်၊ ပထမ သတင်းပေးတိုင်းကြားချက် FIR ၊ ဖမ်းစီးရရှိမှုအနေအထားပေါ်တွင် များစွာ မူတည်နေပါသည်)။ ထောင်တွင်းဆိုစကားအရ တစ်မိုးအောက်၊ ဖော်ချက် စသည့်ဟု ခေါ်ဝေါ်သုံးနှုန်းပါသည်။ ထို့သို့အဖမ်းခံရသည့်အထဲတွင်အများဆုံးပါကြသူများမှာ Taxi Driver များ၊ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသော သူနှင့် တစ်ဝိုင်းတည်း၊ အဆောင်တစ်ခန်းတည်းနေကြသူများ နှင့် ပထမအဖမ်းခံရသူက ဖော်ကောင်လုပ်၍ အဖမ်းခံရသူများဖြစ်ကြပါသည်။ ၄င်းပုဂ္ဂိုလ်များအား (အမှုတွဲ) ဟုခေါ်ကြပါသည်။ တရားရင်ဆိုင်သည့်အခါမှာ အမှုတွဲပါရင် အတော်လေးအာရုံနောက်ရပါမည်။ မတူညီသည့်ရှေ့နေများ၊ မတူညီသည်ထွက်ဆိုချက်များ၊ သူဝန်ခံ(ငါဝန်ခံ)နှင့် တစ်ချို့အမှုတွဲများမှာ အမှုရင်ဆိုင်စဥ်ကာလအတွင် မခေါ်နိုင်မပြောနိုင်ဖြစ်ကြရပါသည်။ အမှုတစ်ခုဖြစ်လာရင် လူပင်ပန်း၊ စိတ်ပင်ပန်းရပါတယ်။ မိသားစုမှာလည်း ငွေကြေးတွေပုံအောပြီး အလွတ်ရုံးရကောင်းနိုးနိုး၊ ဝင်ခံခိုင်းရကောင်းနိုးနိုးဖြင့် တကယ့်ကို အကျပ်အတည်းတွေကြရပါတယ်။ ပတ်ဝန်းကျင်၏ ဝိုင်းဝန်းပြစ်တင်မှုကိုပါ ဘာမှမဆိုင်သည့် မိသားစုက ခံစားကြရ ရှာပါတယ်။ အချုပ်သားဖြစ်ရတဲ့သူကရော ဘာထူးမှာလဲ။ အကျဥ်းထောင်အတွင်း စိတ်ဖိစီးမှုကလည်းများစွာရှိနေပါတယ်။( ဒီအကြောင်းတွေကို သီးသန့် Blog လေးပေးပါ့မယ်။ )

အပိုင်း(၂)ဆက်ရန်

ယခု Post သည် မြန်မာနိုင်ငံသား #hive-myanmar အသုံးပြုသူများ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ပါသည်။

Hive ကို အရင်ရောက်နှင့်နေကြသော -> @sheinthu , @mamamyanmar , @ansoe , @myothuzar , @kyi , @donjaun , @kachinhenry တို့လည်းအကြံလေးများမျှဝေပေးစေချင်ပါတယ်။

#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain

img_0.2766733809050379.jpg
@johndieo
2.1.2021

Don't miss the following Post
(၁)Rule Of Law
(၂)Pray For New Year
(၃)My Favorite Food
(၄)Bye 2021 and welcome 2022
(၅)My Experience ( To install POS system)
(၆)The Girl On The Train (Book Review)
(၇)Late Lunch
(၈)Crypot နှင့် မြန်မာ့ဥပဒေ
(၉)Famous Cave In Shan State
(၁၀) လက်နက်များအပ်ဥပဒေ
H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency