အသည်းကွဲ စံကား။

တနေ့က ကျွန်တော့်အမ စနေသမီးကြီးသည်
စစ်ကိုင်းတောင်းသို့ ရောက်ခဲ့သည်။
စစ်ကိုင်းတောင်တော်သို့ ရောက်ရခြင်းမှာ
သူမ၏ သမီးဖြစ်သူက ခေါ်၍ဖြစ်သည်။
သမီးဖြစ်သူ သူငယ်ချင်းက စစ်ကိုင်းတောင်
မှာ နှစ်စဉ် မနက်အာရုံဆွမ်း ကပ်လှူသည်။

ထိုကြောင့် အမတို့ သားအမိနှစ်ဦးက
ထိုအလှူသို့ သွားရောက်ခြင်းဖြစ်သည်။
စစ်ကိုင်းတောင်ခြေသို့ ရောက်သည့်အခါ
သူတော်ကောင်းတို့ တရားရှာရာမြေဖြစ်၍
ပန်းပေါင်းစုံရနံ့ကို စတင်ထိတွေ့မိတ်ဆက်သည်။

ထိုပန်းရနံ့များကို ကျွန်တော့်အမက
သဘောကျသည်။ ပန်းရနံ့ဆိုသည်ကလည်း
လူတိုင်းနီးပါး ကြိုက်နှစ်သက်သည်။
ပန်းရနံ့များအနက် တရုတ်စံကားပန်းအနံ့ကို
အမ က ပို၍ သဘောကျသည်။ အမတို့
သွားရောက်သည့် သီလရှင်ဆရာလေး၏
ကျောင်းဝင်း၌ စပယ်ပန်း၊ ပုန်းညက်၊
ဇီဇဝါနှင့် တရုတ်စံကားပန်းပင်များစွာက
ဖူးပွင့်ကာ မွှေးကြိုင်နေသည်။

အထူးသဖြင့် တရုတ်စံကားပင်ကြီးက
ကြီးမား၍ အပွင့်က အနီရောင်ဖြစ်သည်။
အနီရောင်ဟုဆိုသော်လည်း စိုရွှင်တောက်ပသည့်
အသဲကွဲအရောင်ဟု ခေါ်ရပေမည်။ အသဲကွဲ
အရောင်ဟု အများခေါ်၍ ခေါ်ရသည်။
မည်သူက စပြီး‌တီထွင်ခေါ်ဆိုသည်မသိ
အသဲကွဲ အရောင် ဟူသတည်း။ အသဲကွဲ
သည့်အခါ ထိုအရောင်ဖြစ်သွား၍လားမသိပေ။

ရှိစေတော့ ထို အသဲကွဲရောင် တရုတ်စံကားပွင့်၏
ရနံ့သည် ရှူသွင်းလိုက်သည့်အခါ ခေါင်းကိုကြည်လင်
လန်းဆန်းသွားသည်။ နှလုံးကို အားဖြစ်စေသည်
အားကောင်းစေသည့်ဟု သီလရှင်ဆရာလေးက
ပြောသည်။ ထိုသို့ ပြောကြားမှုအပြင် ကျွန်တော့်အမ
သည် သူကိုယ်တိုင် ထိုစံကားပန်း အသဲကွဲအရောင်၏
ရနံ့ကို ကြိုက်နှစ်သက်သည်။

နှလုံးကို ကောင်းစေသည် ရနံ့ကိုလည်း
ကြိုက်သဖြင့် တရုတ်စံကားပျိုးပင်များကို
သမီးဖြစ်သူက အမေအတွက်ဝယ်ပေးသည်။
တရုတ်စံကားပင် အပွင့် အဖြူပင်၊ အနီပင်
(အသဲကွဲအပင်) နှစ်မျိုးဝယ်သည်။
ထိုစံကားပင်များနှင့်အတူ အခြား ပုန်းညက်၊
သနပ်ခါး၊ စပယ်ပင်များပါ ဝယ်ယူ၍ ခြံအတွင်း၊
အပြင် စိုက်ပျိုးကြလေသည်။

ပျိုးပင် စိုက်ပါက ဇွန်၊ ဇူလိုင် မိုးကျမှ
စိုက်ပျိုးရန် ပြောပါသော်လည်း စိတ်ကြီးသော
စနေသားအမိသည် တနေ့ကပင် ပျိုးပင်များကို
စိုက်ပျိုးကြလေသည်။ တရုတ်စံကားပင်၏
အသုံးဝင်ပုံကို ဝီကီပီးဒီးယားမှာ ရှာဖွေကြည့်ရာ
အောက်ပါအတိုင်း တွေ့ရသည်။ သူရို့ပြောသော
နှလုံးအားကောင်းသည်ကိုတော့ မတွေ့ရပါ။
သို့ပေသိ စံကားပန်းအသဲကွဲ ကိုတော့
ကျွန်တော်ကိုယ်တိုင် နမ်းကြည့်သည့်အခါ
ခေါင်းကိုကြည်လင်၍ ရင်ထဲမှာ လန်းဆန်း
သွားပါသည်။

ဝီကီပီးဒီးယားမှာ တွေ့ရှိချက်သည်။
Plumeria rubra[၃])ဟု ခေါ်သည်။

အရွက်ကို မီးကင်ပြီးလျှင် ဖောရောင်နေသော
နေရာတွင် အုံပေးပါက ဖောရောင်ခြင်း
ပျောက်ကင်းနိုင်သည်။ အရွက်စားခြင်း ဖြင့် လည်းကောင်း ၊
အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊
မန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ်
လုပ်စားခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို
ရွှင်စေ၍ သလိပ်လေကို ကြေစေသည်။

အပွင့်ပြုတ် ကို ကြက်သွန်နီဆီချက်၊ မြေပဲဆန်
ကြော်ထောင်း၊ ကြက်သွန်နီ များဖြင့် လက်သုပ် သုပ်၍
သွားရည်စာအဖြစ် စားကြသည်။ ငါးပိရည်၊
ငါးပိချက် တို့နှင့် တို့စရာ အဖြစ် စားကြသည်။
အပွင့်ကို အကြော်မှုန့် မံ၍ ကြော်စားကြသေးသည်။

@htwegyi
May 10, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center