လေ့လာသည်

ကျွန်တော်တို့ လူငယ်တွေမှာ
စူးစမ်းလိုစိတ်သိပ်များတာကို
အားလုံးသိကြမှာပါ
အသစ်အဆန်းတစ်ခု တွေ့လို့ စိတ်ဝင်စားသွားပြန်ပြီ
ကိုယ့်သူငယ်ချင်းအလုပ်ကလည်း
စိတ်ဝင်စားဖို့ ကောင်းတာပဲ
ဟိုအလုပ်လေးလည်း မိုက်တာပဲ
စမ်းကြည့်ရင်ကောင်းမလား
ဒီအလုပ်လည်း မဆိုးဘူး
လေ့လာကြည့်ရင် ကောင်းမလားနဲ့
စူးစမ်း လေ့လာတတ်တာ ကောင်းပေမယ့်လည်း
စိတ်တွေထွေပြားပြီး ဒီတစ်ခု ရွေးရနိုးနိုး
ဟိုတစ်ခု ရွေးရနိုးနိုးနဲ့ ဖြစ်တတ်တာကိုတော့
သတိပြုမိဖို့ လိုပါတယ်
ဟိုစမ်း ဒီစမ်းနဲ့ဘဲ အကုန်လုံး ကြိုက်တယ်
အကုန်လုံး ဖြစ်ချင်တယ်ဆိုပြီး ဖြစ်တတ်တာကြောင့်
ကိုယ့်ရဲ့ယာယီစူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုကို
နားလည်ထားဖို့ လိုပါလိမ့်မယ်နော်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now