ဒိုင်ခွက်ထဲက အော်သံများ

zinlay(5)
Published in
#esteem
Words
85
Reading
1 min
Listen
Play
7y

ဒိုင်ခွက်ထဲက အော်သံများ

တိုးတိုးလေး ကြားနေရင်းမှာဘဲ
ဝုန်းကနဲ့ ပွင့်ထွက်သွားတယ်။

ငိုးကြွေးသံတွေကြားက
ဘုရားမြတ်စွာရဲ့ နာမည်များ။

ငရဲခန်းတံခါးကို တူလိန်ခိုရင်း
သဘဝတရားရဲ့ မရဏစက်သွားထဲမှာ
ငါတို့ ဘုရားစူးပါစေလို့ ကျိန်ဆိုခဲ့မိလေသလား

နောက်ပြီး
ဝတ်ပြုဆုတောင်းခြင်း တရားမှာ
လောဘတွေ ခြေခြင်းလိန်ရင်း
မောဟနဲ့ ချုပ်လုပ်ထားတဲ့
အာ့ကုသိုလ်ဝတ်ရုံကြီးတွေကို ရွှေအတုတွေချလို့ပေါ့
ဥပဒါန် နံရိုးတွေပေါ်ကို ပစ်တင်ထား လိုက်ကြတယ်။

အာ့ဓမ္မကို ဓမ္မနဲ့ မဆေးကြောခဲ့ကြသလို
မကောင်းမှုကို ကောင်းမှုနဲ့ မကယ်ထုတ်နိုင်ခဲ့ကြ
မရားမှုကို ချိုမြိန်စွာစားသုံရင်း
တရားသောအမှုဟာ သွေးအလိမ့်လိမ့်နဲ့
အသက်ငင်နေရတဲ့အချိန်
လူဆိုသောနာမ်စားတွေကတော့ ဘုရားရှင်ကို
လက်အုပ်ချီပြီး လိမ်မြဲလိမ်လို့။

ကျိန်ဆိုခြင်းအမှုမှာ
မြေမြိုပါစေတဲ့လား မိုးကြိုးပစ်ပါစေတဲ့လား
မသိကိန်းတွေနဲ့ လောဘကွန်ယက်ထဲမှာ
စည်းမရှိတဲ့ပါးစပ်တွေက ဈေးပေါလိုက်တာ

လူတွေ
လူ့စည်းကို ဘီလူးဆိုင်းတီးထွက်ရင်း
ဗုဒ္ဓရဲ့ ပဉာတ်တော်တွေကို အတ္တအတွက်
လေလံပစ်ခဲ့ကြတယ်။

လူတွေ
ဝဋ်ဆိုတာကို လက်တစ်လုံးကြား ဖီဆန်ရင်း
သံသရာဆိုတာကို ထမင်းတစ်လုပ်နဲ့
လဲစားပစ်ခဲ့လေတော့
သဘာဝ တရားရဲ့ ဧည့်ဝတ်ပြုခြင်းမှာ
ငါတို့ဟာ ဘယ်လိုကျိန်စာမျိုးနဲ့ လူသားဖြစ်ခဲ့ပါလိမ့်။

လူတွေ
လူတွေ
လူတွေ
သက္ကရာဇ်တွေကို တရွေ့ရွေ့တိုက်စားနေတဲ့
ဒိုင်ခွက်ကြီးထဲမှာပေါ့
တိုးတိုးလေး ကြားနေရင်းမှာဘဲ
ဝုန်ကနဲ့ ပွင့်ထွက်သွားတဲ့အသံများ
နောက်ပြီး မြတ်စွာဘုရားဆိုတဲ့ အသံများ.......

ဒိုင်ခွက်ထဲက အော်သံများ | Ecency