နေတတ်ပီ

Words
64
Reading
1 min
Listen
Play
8y

image

နေတတ်ပြီ

ငါနေတဲ့နေရာလေးကို
ရောက်လာခဲ့ရင်
ငါ့မှာပြစရာဆိုလို့ ...

သန်စွမ်းပြီး
အရွက်ဖားဖားကြီးတွေဖြစ်နေတဲ့
အပင်တချို့ရယ် ..

မြေပြင်ပေါ်မှာပွင့်ဖတ်တွေဖွေးနေအောင်
ကြွေကျနေတဲ့
စကားဖြူပန်းတွေရယ် ...

ပန်းရနံ့တွေသင်းပျံ့နေတဲ့
လေအေးလေးရယ် ..

image

သစ်ပင်အိုကြီးတွေပေါ်
ထိုင်သီချင်းဆိုနေတတ်တဲ့
ငှက်ကလေးတွေရယ် ...

ဟိုဟိုဒီဒီဝဲပျံနေတဲ့
လိပ်ပြာရောင်စုံလေးတွေရယ် ..

ဒါပဲရှိပါတယ် ...
.
.

ရှင်းလင်းနေတဲ့ဧည့်ခန်းမှာ ...
ရေနွေးကြမ်းသောက်ဖို့ထိုင်ကြရင်
ငါကောက်သိမ်းထားတဲ့
လိပ်ပြာတောင်ပံလေးတွေပြပါမယ် ...
.
..
.

ငါ့ကို lonely ဖြစ်လားလို့
မေးရင် ...
...
ငါအဲဒီအကြောင်း
မတွေးမိတာ
ကြာပြီ ... .... ....

... တကယ်ကိုပဲ ...
..
ငါ lonely ဖြစ်သလားလို့
မတွေးမိတာ...
ကြာ
လှ
ပြီ
ပဲ ...

photo : google

image

နေတတ်ပီ | Ecency