အမြီးပေါက်နေသူများ

Words
108
Reading
1 min
Listen
Play
8y

image

အမြီးပေါက်နေသူများ

သင်္ဂဇာ ဆရာတော်ဘုရားကြီး ရန်ကုန်မြို့ကို ရောက်လာတော့ တပည့်ဒကာ ဒကာမတွေ ဖူးတွေ့ကြသပေါ့။ ဆရာတော်ကြီးထံမှာ တရားတောင်းကြတယ်။ ဆရာတော်ကြီးက တိုတိုပဲ

လူမိုက်ဟာ ဘုရားဟောတရားတွေကို မာနတွေရှေ့ထားပြီး မှတ်ယူသင်ကြားကြတယ်။ မာနတံခွန်ထူတယ်ပေါ့။ ထောင်လွှားတယ်ပေါ့။ အဲဒီလို ဝါကြွားထောင်လွှားတတ်တဲ့ လူမိုက်တွေကို မကိုးကွယ် မဆည်းကပ်ကြနဲ့လို့ ဟောကြားတော်မူလိုက်ပါတယ်။

တိုတိုနဲ့ ထိရောက်တဲ့တရားပါပဲ။ ဒါပေမဲ့ ဆရာတော်ကြီးက တရားဟောရင် ဥပမာလေးတွေနဲ့ ဟောတတ်တော့ ဆရာတော်ကြီး ဥပမာက ပိုပြီးတော့ ကောင်းနေတယ်။

“ဒကာတို့ မြင်း၊ ကျွဲ၊ နွားနဲ့ ခွေးတွေမှာ အမြီးရှိတာချင်း အတူတူ ဘာကွာသလဲ”

image

ဒကာတွေက တိတ်နေတယ်။ ဘာပြန်ပြောရမှန်း မသိကြဘူး။

“အမြီးရှိတာချင်း အတူတူ ဘာကွာသလဲ”

ဆရာတော်ကြီးက ထပ်မေးတယ်။ ဘယ်သူမှ မဖြေနိုင်ကြဘူး။

“မြင်း၊ ကျွဲ၊ နွားတွေက သူတို့အမြီးကို မှက်၊ ခြင်၊ ယင်တွေဘေးက ကာကွယ်နိုင်တယ်။ သူတို့အမြီးတွေက အန္တရာယ်ကို ခြောက်လှန့်မောင်းတဲ့အပြင် သူတို့ဖင်ကို သူတို့လုံအောင် ကာကွယ်ထားတယ်”

ဒကာ ဒကာမတွေ ပြုံးကုန်ကြပြီ

“ခွေးဆိုတဲ့ကောင်တွေကို ကြည့်လိုက်စမ်း။ အမြီးက ထောင်နေတာပဲ။ သူတို့အမြီးက ထောင်ဖို့ပဲတတ်တာ။ ဘာမှလည်း မကာကွယ်နိုင်တဲ့အပြင် ကိုယ့်ဖင်ခေါင်းကို အမြဲဟောင်းလောင်းဖြစ်အောင် ပြနေတဲ့ သတ္တဝါတွေပဲ” တဲ့

ရှင်းရှင်းလေးပါ ဆရာတော်ကြီးပြောတာ

အမြီးထောင်ပြီး ဖင်ဟောင်းလောင်းပေါ်အောင်ပြနေတဲ့ ခွေးတွေလို မနေနဲ့။ နှိမ့်ချနေကြ။ ထောင်လွှားမာန နှိမ့်ချ သိမ်းဆည်းထားကြဖို့ အကောင်းဆုံး ဥပမာပြသွားတယ်။

ခက်တာပဲ လောကမှာ အမြီးထောင်တဲ့ကောင်တွေသာမက ကိုယ့်အမြီး ကိုယ်ပြန်ပြီး ပတ်ကိုက်နေတဲ့ ကောင်တွေကအများသား

တင်ညွန့်

photo : facebook

image

အမြီးပေါက်နေသူများ | Ecency