About Car

taori(25)
Published in
#esteem
Words
43
Reading
1 min
Listen
Play
8y

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း(၂)

(၁)Engine Coolant ဆေးရည်ထည့်မသုံးခြင်း Engine Coolant Antifreeze ကိုမူရင်းထုတ်လုပ်ရာနိုင်ငံများတွင် ရေခဲအမှတ် အောက်ရောက်အေးသောဒေသများတွင် အင်ဂျင်နှင့် ရေတိုင်ကီ ရေအေးပေးစနစ်အတွင်းရှိ မအေးခဲစေရန်အသုံးပြုပါသည်။

ထို့အပြင် ထိုဆေးရည်များသည် အင်ဂျင်ဘလောက်၊ဟက်၊ရေတိုင်ကီနှင့် ရေအေးပေးစနစ်သွားရာ လမ်းကြောင်းတစ်လျောက်တွင် သံချေးတက်ခြင်း သတ္ထုချေးစားခြင်းတို့မှ ကာကွယ်ပေးပါသည်။ထိုဆေးရည် ထည့်သွင်းအသုံးမပြုသောအခါ အင်္ဂျင်ဘလောက်သည် သံချေးတက်ကာ ထိုသံချေးမှုန်များသည် ဟက်အတွင်း ရေတိုင်ကီ ရှိ လေအေးခံ ပိုက်လိုင်းများသို့ ရောက်ရှိသွားကာအအေးခံပိုက်လိုင်း အတွင်းတွင် သံချေးများကပ်လာသောအခါ ပိုက်လိုင်းအပြင်သို့ ဝင်ရောက်လာသော လေအေးနှင့် အင်ဂျင်မှလာသောရေပူများကြားတွင် ကြားခံပစ္စည်းတစ်ခုအဖြစ်ခံနေကာ ရေတိုင်ကီလေအေးခံပိုက်လိုင်းများသည် ရေကိုပုံမှန်အတိုင်းအေးအောင်မစွမ်းဆောင်နိုင်တော့သဖြင့်ရေဆူတတ်ပါသည်။

taori@taori

About Car | Ecency