သစ္စာဆိုတာ ကျွန်တော်နားလည်တာကတော့
ကောင်းမှုဖြစ်ဖြစ် ၊ မကောင်းတဲ့ဘက်မှာဖြစ်ဖြစ်
အလိုက်တသိ စောင့်ထိန်းရတဲ့
ကတိထက်လေးနက်သော အရာပါ။
ကိုယ်အရမ်းချစ်ရသူကို သူ့ကွယ်ရာမှာပဲဖြစ်ဖြစ်
သူ မသိနိုင်တဲ့ အခြေအနေတစ်ခုမှာ
သူ့အတွက်ဆိုတဲ့ စိတ်နဲ့ ကိုယ့်သာယာမှုကို
ကိုယ့်အသိစိတ်ဖြင့် ထိန်းချုပ်လိုက်ခြင်းကလည်း
သစ္စာပါပဲ။
ကိုယ်ပြုလုပ်ခဲ့ဖူးတဲ့ ကောင်းမှုတွေကို
တိုင်တည်ပြီး ကိုယ်လိုချင်တဲ့ အရာတစ်ခုကို
ကိုယ်ရင်းနှီးပေးဆပ်ခဲ့တာတွေနဲ့
အလဲအလှယ် လုပ်ခြင်းကလည်း သစ္စာပါပဲ။
မကောင်းမှုပဲဖြစ်ဖြစ်
ကိုယ့်ကြောင့် အခြားသူထိခိုက်သွားမှာစိတ်ပူပြီး
ကိုယ်ပေထားတဲ့ကတိကို အသက်တမျှ
စောင့်ထိန်းကာ မကောင်းမှန်းသိသိကြီးနဲ့
စောင့်သိနေခြင်းကလည်း သစ္စာပါပဲ။
သစ္စာဆိုတာ ကတိဆိုတဲ့ စကားလုံးထက်
ပိုလေးနက်ပြီး သစ္စာ မြင့်မားလာလေ
အစွမ်းထက်လေးနက်မှုမြင့်မားလာလေပါပဲ။
တစ်ဖက်က အရမ်းသစ္စာတည်နေခဲ့ရင်
တစ်ဖက်က စည်းဖောက်လာလို့ကတော့
သစ္စာ ဆူးခံရတတ်ပါတယ်။
သစ္စာ ဆူးခံရပြီဆိုရင် ဝဋ်ကြွေးဆိုတဲ့အရာထက်
ပိုကြောက်စရာကောင်းလာတတ်ပြီး
ကျိန်စာတစ်ခုလို ကြောက်စရာကောင်းနေတတ်တယ်။
သစ္စာ မဆူးချင်ရင်
၁)ကိုယ့်ဘက်စပြီး သစ္စာမဖောက်ပါနဲ့
၂)မတည်နိုင်တဲ့ ကတိတွေ မပေးတာအကောင်းဆုံးပါ
၃)ကိုယ့်အပေါ် ကျေးဇူးရှိသူ ၊ ဘုရား ၊ တရား၊ မိဘ ၊ ဆရာ စသော မြင့်မြတ်သော ပုဂ္ဂိုလ်များကို
မစော်ကားမိအောင် သတိထားပါ
၎)မဖြစ်နိုင်တဲ့ အရာကြီးကို ကိုယ့်လောဘကြောင့်
သစ္စာတိုင်တည်တာမျိုး သတိထားပါ
၅)ကိုယ့်အတ္တကြောင့် အခြားသူတွေအပေါ်
မတရားမှုကြီးကြီးမားမား မကျူးလွန်မိအောင်
သတိထားပါ
လူ့လောကကြီးမှာ
သစ္စာ ဆိုတာ အရမ်းအရေးပါတဲ့ လူသားကျင့်ဝတ်
ဖြစ်နေပြီး ဆိုးရွားမှုတွေ ကြုံနေရတာကလည်း
သစ္စာတရားရဲ့ ဒဏ်ခတ်ခြင်းလို့ ဆိုရမှာပါပဲ
လူသားတိုင်းအနေနဲ့ သစ္စာရဲ့ တန်ဖိုးကို
နားလည်လာပြီး သစ္စာတရားကို
ထိန်းသိမ်းတတ်လာရင် ကံဆိုးမှုတွေကြုံလာလည်းခဏပါ
ကိုယ်ထားခဲ့တဲ့ သစ္စာက ကိုယ့်ဘဝရဲ့
ပဲ့ကိုင်ရှင် ဖြစ်လာပါလိမ့်မယ်။