On second

Words
36
Reading
1 min
Listen
Play
8y

လောကကြီးမှာ သွေးသားတော်စပ်မှ

အမျိုးဖြစ်တာ မဟုတ်ပါဘူး

မေတ္တာရေစပ်ရင်လည်း အမျိုးဖြစ်တာပါပဲ။



လောကကြီးမှာ တစ်မိတည်းကမွေးမှ

ညီအကို မောင်နှမ တော်စပ်တာမဟုတ်ပါဘူး

စိတ်ချင်းနီးပြီး အမြင်တူကာ

အနေဝေးနေကြသော်လည်း ညီအကိုမောင်နှမပါပဲ။



လောကကြီးမှာ တစ်ဦးနှင့်တစ်ဦး အချင်းချင်း

မေတ္တာထားပြီး ဆက်ဆံကြမယ်ဆိုရင်

လူသားအားလုံးက ဆွေမျိုးတွေပါပဲ။



တစ်ခါတစ်လေမှာ

တစ်မိတည်းကမွေးထားပေမယ့် သွေးမစည်းဘဲ

သွေးသားမတော်စပ်သူက ကိုယ့်အပေါ်သွေးစည်းနေတာတွေ

ရှိနေတတ်တယ်။



အမျိုးဆိုတာ.....

သွေးသားတော်စပ်ခြင်း မတော်စပ်ခြင်းထက်

စိတ်ချင်းနီးပီး မေတ္တာရေစပ်ဖို့က ပိုအရေးကြီးပါတယ်။



"အရေးကြီးရင် သွေးစည်းကြပါစို့နော်"

On second | Ecency