အခွင့်ရှိရင် ...
သူ့ ဘဝထဲ ထီးလေးတစ်ချောင်း ဖြစ်ခွင့်ရပါရစေ ...
မိုးရွာတဲ့အခါ ...
သူ မိုးမစိုအောင် ကာကွယ်ပေး ...
နေပူတဲ့အခါ ...
သူ့ မျက်နှာနုနု နေမထိစေဖို့ ... အရိပ်ပေးခွင့်ပြုပါ ' သူ ~~~
#မယ်
#ဘယ်ချိန်တွေ မယ့်ကို သတိတရရှိတတ်လဲဟင်?
၁ အစားကောင်း သို့မဟုတ် မယ် ကြိုက်တဲ့အစားအစာစားနေချိန်
၂ ခံစားရတာ ရင်ဖွင့်ချင်လာချိန်
၃ ပျော်ရွှင်နေရချိန်
၎ အကူအညီလိုချိန်
၅ အသည်းကွဲလို့ နှစ်သိမ့်စကားကြားချင်ချိန်
၆ အပျင်းပြေစကားပြောချင်ချိန်
၇ စိတ်ဓါတ်ကျချိန်
၈ သိပ်လှတဲ့ရှုခင်းလေးတွေမြင်ရလို့ မယ့်ကို ပြချင်ချိန်
၉ Mae Coffee ကိုသတိရတာ coffee သောက်နေချိန်
ဘယ်အချိန်လဲဟင် သတိရမိတတ်တာ ...
ဒါမှမဟုတ် ...
ဘယ်ခါမှ သတိမရဘူးပေါ့နော်.
gn!
ချစ်တယ် 😍
#မယချစ်ခြင်းမေတ္တာကလား ...
သူအိပ်ချိန်ဆို ... လွမ်းနေရက်တောင် မတ်ဆေ့မပို့ရက် ...
ကိုယ့်မတ်ဆေ့သံနဲ့ သူနိုးသွားမလားစိုးရိမ် ...
ကိုယ့်အလွမ်းတွေ ကိုယ့်ဘာသာသိမ်းဆည်းမိတာမျိုး ...
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ ... သူ ...
ကိုယ်လား ?
လွမ်းနေတယ် ...
#မယ်မယ့် စာအုပ်လေးတွေ ဒီလကုန် စာတိုက်ကနေ အားလုံးဆီ ပို့ပေးနိုင်ဖို့ကြိုးစားနေပါတယ်.
သင်္ကြန်ရက်တွေခံတော့ ဒီလမှာ ခရီးထွက်သူအတော်များပါတယ်.
မယ် သာခဏလေးရန်ကုန်အလည်ပြန် စာအုပ်ကိစ္စလုပ်နိုင်ရင် အဆင်ပြေမှာပါ.
မယ် အလည်မပြန်နိုင်တော့ ... ရန်ကုန်မှာ ဖေဖေ နဲ့ အဒေါ်ဘဲရှိပါတယ်.
ဖေဖေက သူ့အလုပ်တွေနဲ့သူမအားတော့ အဒေါ်ကို အကူအညီတောင်း ... အဒေါ်ကလည်း YTU စာမေးပွဲရှိတော့ သူစာသင်ချိန်တွေ သူ့ကျောင်းနဲ့ မယ့် ကိစ္စအာရုံမစိုက်နိုင် ...
စာတိုက်ကနေ စာအုပ် ၁၅၀ ကိုပို့ဖို့ သူအဆင်ပြေပါ့မလားစိတ်ပူပြီး ပုသိမ်က ဦးလေးက စာစီစာရိုက်လုပ်ငန်းရှိပြီး သူ့ဆိုင်က ကလေးတွေက စာအုပ်တွေစာတိုက်ကပို့ပေးဖို့ အကူအညီလှမ်းတောင်းတော့ အဆင်ပြေသွားပါတယ်. ဦးလေးကလည်း သူ့သား ၁၀ တန်းစာမေးပွဲဖြေတာနဲ့ ၁၀ တန်းစာမေးပွဲပြီး အဒေါ် YTU က ကျောင်းသားတွေ စာမေးပွဲပြီးမှ မယ့် စာအုပ်ကိစ္စစကားပြောရလို့ပါ.
စာအုပ်မှာ လက်မှတ်ပါဖို့ မယ် ဒီကနေ A4 စာရွက်တွေမှာစာရေး လက်မှတ်ထိုး အဒေါ်ဆီကို ဒီက courier service ကနေပို့ရပါမယ်. အဒေါ်ကနေ အဲ့စာရွက်တွေကို ပုသိမ်ပို့ ... စာရွက်တွေရောက်ရင် စာအုပ်တွေရှေ့မှာ ထည့်ချုပ်ဖို့ပါ
မြန်မာပြည်နေရာအနှံ့အတွက်စာအုပ်တွေ ပုသိမ်စာတိုက်ကနေ ဦးလေးဆိုင်က ကလေးတွေပို့ပါမယ်.
စာတိုက်ကနေ စာအုပ်တွေ ပို့တဲ့အချိန် ဖေ့ဘွတ်ကနေ ပြောပါမယ်. ခန့်မှန်းခြေ ဒီလကုန် သို့မဟုတ် နောက်လ ပထမအပတ်လို့ ခန့်မှန်းပါတယ်ရှင်.
ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံအတွက် စာအုပ်တွေ ပုသိမ်က ဦးလေးက ရန်ကုန်ကအဒေါ်ဆီပို့ ... အဒေါ်က စာအုပ်တွေကို courier service ကနေ မယ့်ဆီပို့ ... မယ်စာအုပ်တွေရရင် SingPost ကနေ ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံတွေကိုပို့ပါမယ်. မယ် SingPost ကနေ စာအုပ်တွေပို့မယ့်ရက်က မေလ ဒုတိယအပတ်လို့ ခန့်မှန်းပါတယ်.
ပုံနှိပ်တိုက်ကထုတ်ဝေ ... စာအုပ်ဆိုင်တွေဆီရောက်တာမဟုတ်ဘဲ ... ကိုယ့်ဘာသာစီစဉ် စာတိုက်ကနေ စာအုပ်တွေပို့ဖို့လုပ်တာ ကြန့်ကြာမှုရှိခဲ့လို့ မယ် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်.
မယ့်မှာ ကွန်မန့်တွေပြန်ဖို့အကြွေး ...
ဖရန့်တွေလက်ခံဖို့အကြွေးတွေရှိပါသေးတယ် ...
ဒီအကြွေးတွေကိုလည်း တဖြည်းဖြည်းဆပ်နေပါတယ် ...
တနင်္လာကနေ သောကြာကို ရုံးသွားတဲ့လမ်း နေ့လည်စာထမင်းစားချိန် ညနေရုံးပြန်လမ်း အိမ်ရောက်ပြီး မအိပ်ခင်အချိန်လေးတွေမှာ မယ့် ကိုယ်ရေးကိုယ်တာလေးတွေလုပ် စာရေး စာပြန်လေးတွေလုပ်ရပါတယ်. စနေ တနင်္ဂနွေက လူမှုရေး တွေဘာတွေရှိတော့ စာရေးခြင်းဘက် အချိန်ပြည့်မရှိခြင်းပါ.
ဘယ်လိုဘဲဖြစ်ဖြစ် ...
မယ့် လိုအပ်ချက်တွေရှိရင် ဒါတွေဟာ မယ့် အားနည်းချက်မို့ မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်ရှင်.
အားလုံးကိုကျေးဇူးတင်ပါတယ်.
.jpg)ဒီလိုနဲ့ ကိုယ့်ရဲ့ တန်ဖိုးဟာ တစ်ဖြည်းဖြည်းပျောက်ဆုံးလာရတော့တယ်… ကိုယ့်ရဲ့ စိတ်ခံစားမှုအားလုံးကို သူ့ ကို ပိုင်စိုးပိုင်နင်းနဲ့ ကြိုက်သလို ချယ်လည်ခွင့်ပေးလိုက်တယ်ဆိုတာမျိုးက အရမ်းကို မိုက်ရူးရဲဆန်လွန်းသွားပြီ။
မေအရမ်းမိုက်ခဲ့ဖူးပါတယ်။ အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မေ့ရဲ့ identity တစ်ခုလုံးကို ပစ်ပယ်လိုက်ဖူးတယ်။ ဒီလိုနဲ့ ကိုယ်ဟာ သူ့ ရဲ့ နယ်ရုပ်ကလေးတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။ ကြုံဖူးလား? သူတို့ ထားခဲ့တဲ့ အချိန်မှာ ကိုယ်က အရုပ်ကြိုးပြတ်ဖြစ်ကုန်ရော။ ဒါပေမယ့် ဒီအတွေ့ အကြုံတွေရဲ့ ရလဒ်ကတော့ အခုမေ့ရဲ့ attitude က မေ့ကို တန်ဖိုးမထားတဲ့ သူနားမှာ လုံးဝမနေဘူးဆိုတဲ့ attitude မျိုးပဲ။
ဒီလိုမျိုး အခိုင်အမာဆုံးဖြတ်ထားပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတယ်။ ကိုယ်နဲ့ ကိုယ်ရဲ့ relationship ကခိုင်မြဲမှ တစ်ခြားလူတစ်ယောက်နဲ့ relationship ကလည်း ခိုင်မြဲမှာဖြစ်ပါတယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ဒီတော့ ညီမလေးတို့ …. ဘယ်လိုလုပ်ကြမလဲ????
- “ဘ” တွေကို အမြဲသတိရပါ။
ကိုယ့်ရဲ့ ဘ၀မှာ အဓိက -------
- ဘာကိုလိုအပ်သလဲ။
- ဘာကိုလိုချင်သလဲ။
- ဘယ်လို အိပ်မက်တွေရှိလဲ။
- ဘာတွေကို တန်ဖိုးထားလဲ။
- ဘယ်အရာတွေကို ဦးစားပေးသလဲ။
ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် အမြဲမေးနေရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အဓိကက ကိုယ့်အကြောင်းကိုယ် သိရမယ့် အခြေခံအချက်တွေပဲ။ ဒါတွေကို သေချာရှင်းလင်းပြီး သိထားပြီဆိုရင် ကိုယ့်ဘ၀မှာ ဘာအတွက်ရှင်သန်နေတယ် ဘာကအရေးကြီးတယ်ဆိုတာကို တွေ့ လာရပါလိမ့်မယ်။
တွေ့ လာပြီဆိုရင် ဒီလမ်းကို တည့်တည့်လျောက်လိုက်တော့။ ဒီလိုလုပ်နိုင်ပြီဆိုရင် confidence အရမ်းရှိလာလိမ့်မယ်။ ကိုယ့်ချစ်သူနဲ့ ပြတ်သွားလို့ ဘ၀ပျက်သွားပြီဆိုတာမျိုး လုံးဝမရှိတော့ဘူး။ သူပါပါ မပါပါ ကိုယ်ကတော့ ကိုယ့်ဘ၀အတွက် ကိုယ်တည့်တည့်လျှောက်နေတုန်းပဲ။
Still Rocking! ဒါမျိုးကို လိုချင်တာ။ Self power. Self confidence. Self Value.
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်ပါတယ်။
ခေါ်သလား မမမေးတော့ဘူး။ ခေါ်တယ်ဆိုတာ သေချာလွန်းလို့ ။ များများပေးရင် များများပြန်ရတယ်ဆိုတဲ့ logic က အချစ်မှာတော့ မသက်ရောက်ဘူးရယ်။ ကံအရမ်းကောင်းရင်တော့ သက်ရောက်မှာပေါ့။ ဒါပေမယ့် သေချာကြည့်နော်။ ကိုယ်ကသာ အကုန်ပေးပလိုက်တာ။ ဟိုက ဒါကြီးကို တန်ဖိုးကို မထားတော့တာ။ ဒီစော်က ငါဘာလုပ်လုပ်ပါကွာ၊ ငါ့ကို သူအဆုံးရှုံးမခံနိုင်ပါဘူး ဆိုတဲ့ စိတ်ကြီးက ၀င်သွားရော။ အဲ့လိုနဲ့ ခဲရာခဲဆစ်ရယူရတဲ့ အသစ်အဆန်းတွေနောက်လိုက်သွားရော။ မြောက်ပေးတာတော့ မဟုတ်ဘူး၊ အရမ်းမချစ်ပြနဲ့ ၊ အရမ်းမပေးနဲ့ ။ ပေးလွန်းရင် တန်ဖိုးမဲ့ကုန်တယ်။ ဒါ ဘယ်သူမဆိုအဲ့လိုပဲ။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- စည်းကမ်းရှိပါ။
စည်းကမ်းသည် လူ့ တန်ဖိုးတဲ့။ အရာရာတိုင်းမှာ စည်းကမ်းရှိရတယ်။ RS မှာလည်း ကိုယ့်ရဲ့ အရေးပါမှုကို မဆုံးရှုံးချင်ရင် စည်းကမ်းရှိရတယ်။ ကိုယ်မကြိုက်တာတွေဆိုရင် ပြတ်ပြတ်သားသားမကြိုက်ဘူးဆိုတာကို သေချာပြောရဲရမယ်။ သည်းမခံနိုင်တာရှိရင် လုံးဝသည်းမခံကြောင်းပြောပြတတ်ရမယ်။
အားနာစရာမလိုဘူး။ ဒီ relationship မှာကိုယ်လုံးဝမလိုချင်တာကို demanding လုပ်တတ်ရမယ်။ ကိုယ့်ရဲ့ သတ်မှတ်ချက်နဲ့  စည်းကမ်းကို ပြတ်ပြတ်သားသားပြောပြထားမှ သူကလည်း ကိုယ့်အပေါ် လေးစားမှုထားမှာဖြစ်သလို ကိုယ့်ရဲ့ limit ကဘယ်လောက်အထိပဲ သည်းခံနိုင်မယ်ဆိုတာ သူသိနေဖို့ လိုတယ်။
ဒါမျိုးမှသာလျှင် ဒီ rs တစ်ခုက ပရမ်းပတာ မဖြစ်မှာ။ ဘယ်အရာမဆို ဘ၀မှာ ဘာပဲကြုံကြုံ ကိုယ့်ရဲ့ ခံယူချက်အပေါ်မှာ စိတ်ခိုင်ခိုင်မာမာထားတတ်ဖို့ လိုတယ်။ တစ်ခါတစ်လေ အသည်းမာစေချင်တယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ကိုယ့်သူငယ်ချင်းတွေကို မမေ့လိုက်ပါနဲ့ ။
တော်တော်များများဖြစ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ပဲ လုံးခြာလည်ရိုက်နေတော့ ကိုယ့်သူငယ်ချင်းတွေကိုဆိုရင် လုံးဝသတိမရတော့ဘူး၊ အပြင်ကမ္ဘာကြီးနဲ့ ဆို လုံးဝအဆက်အသွယ်ပြတ်။ ပြဿနာတတ်ပြီဆိုမှ အသည်းအသန်ပြန်လိုက်ရှာပြီး ရင်တွေဖွင့်လိုက်တွေ လုပ်ကြတော့တာပဲ။
အဲ့လို မဖြစ်ပါနဲ့ ချစ်တို့ ။ ကိုယ့်ချစ်သူကို ချစ်တာလည်း ချစ်ပေါ့။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေကိုလည်း လိုသုံးမျိုးမဆက်ဆံမိစေနဲ့ ။ ဒီလို လုပ်ဖန်များလာရင် နောက်ဆိုရင် ကိုယ့်ဘေးကနေ တစ်ဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ ဝေးကွာသွားလိမ့်မယ်။ အဲ့လိုနဲ့ ကိုယ့်ချစ်သူသာလျှင် ကိုယ့်ရဲ့ သူငယ်ချင်းပဲဖြစ်နေရင် သူ့ ကို ဆုံးရှုံးရမှာ အရမ်းကြောက်ပြီး အမြဲတမ်းခေါင်းငုံ့ နေရလိမ့်မယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
မေအမြဲပြောပါတယ်။ RS တစ်ခုမှာ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ပါပဲ။ ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး။ ဘာခွင့်ပြုတယ်၊ မပြုဘူး။ ဒါတွေဟာ အစောကြီးထဲက တစ်ယောက်နဲ့ တစ်ယောက် အသိပေးထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ လုပ်တာမျိုး၊ တိုင်ပင်ပြောဆိုပြီးမှ လုပ်တာမျိုး။
ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောစရာမရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းက RS တစ်ခုကို ပိုပြီး လွယ်ကူစေတယ်။ ဒါမှ သူဘာလိုချင်တယ်၊ မလိုချင်ဘူး ဆိုတာကို သိထားမှာဖြစ်ပါတယ်။ ဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်မပြေဘူးလား?
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ကိုယ့်ဘာသာကိုယ် ပျော်အောင် နေတတ်ပါ။
ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘ၀အတွက် ဖေးမကူညီပြီး supporting လုပ်ပေးရပါတယ်။ သူ့ အတွက်ကြီးပဲ တစ်ဖက်သပ်လုံးဝလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့ လိုတယ်။ ကိုယ့် အိပ်မက်တွေ၊ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လက်မလွှတ်လိုက်ပါနဲ့ ။ သူ့ အတွက်ကို အချိန်ပေးသလို ကိုယ့်ပျော်ရွှင်မှုတွေအတွက်လည်း ကိုယ်အချိန်ပေးသင့်တယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ကိုယ်က သူ့ အတွက် တန်ဖိုးရှိနေပါစေ။
လူတွေက ကိုယ်အထင်ကြီးလေးစားမြတ်နိုးရတဲ့ သူကို မစွန့် လွှတ်ရဲကြဘူး။ ဒါကြောင့် ကိုယ်က အဲ့လိုလူဖြစ်နေဖို့ လိုတယ်။ ကိုယ့်ချစ်သူက ကိုယ့်အကြောင်းကို သူ့ လူတွေကြားမှ ဂုဏ်ယူစွာပြောနေပြီဆိုရင်တော့ You are doing it right! ဒါကြောင့် ကိုယ်က အလကားလူမဖြစ်စေနဲ့။ ကိုယ်သွားနေတဲ့ လမ်းမှာအောင်မြင်အောင်လုပ်ကိုင် ကြိုးစားပါ။ တန်ဖိုးရှိတဲ့ သူကိုမှ တန်ဖိုးထားကြတာမလား?
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ဒါကတော့ မေ အဓိက ၇ ချက်ပဲပြောသွားတာဖြစ်ပါတယ်။
ပြောရရင်တော့ စိတ်ခိုင်ခိုင်ထား။ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်ကြီးထက် သူက ငါ့ဘ၀ကို တစ်ထောင့်တစ်နေရာကနေ ပျော်ရွှင်မှုပေးတဲ့ သူတစ်ယောက်၊ သူမရှိတော့ရင်လည်း ငါ့ဘ၀က ဆက်လျှောက်နေရဦးမှာပဲ ဆက်ကြိုးစားရဦးမှာပဲဆိုတဲ့ စိတ်မျိုးထား။ ဒါဆို ဘယ်တော့မှ ကိုယ့်ရဲ့ ဖြစ်တည်မှုက မပျောက်ဆုံးတော့ဘူး။
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းပါ။ အမှားကို တတ်နိုင်သလောက် မလုပ်မိအောင်နေပါ။ ကိုယ့်ဘက်က အမှားနည်းလေလေ ကိုယ့်တန် ![image](