🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
အားနာစရာမလိုဘူး။ ဒီ relationship မှာကိုယ်လုံးဝမလိုချင်တာကို demanding လုပ်တတ်ရမယ်။ ကိုယ့်ရဲ့ သတ်မှတ်ချက်နဲ့  စည်းကမ်းကို ပြတ်ပြတ်သားသားပြောပြထားမှ သူကလည်း ကိုယ့်အပေါ် လေးစားမှုထားမှာဖြစ်သလို ကိုယ့်ရဲ့ limit ကဘယ်လောက်အထိပဲ သည်းခံနိုင်မယ်ဆိုတာ သူသိနေဖို့ လိုတယ်။
ဒါမျိုးမှသာလျှင် ဒီ rs တစ်ခုက ပရမ်းပတာ မဖြစ်မှာ။ ဘယ်အရာမဆို ဘ၀မှာ ဘာပဲကြုံကြုံ ကိုယ့်ရဲ့ ခံယူချက်အပေါ်မှာ စိတ်ခိုင်ခိုင်မာမာထားတတ်ဖို့ လိုတယ်။ တစ်ခါတစ်လေ အသည်းမာစေချင်တယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
တော်တော်များများဖြစ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ပဲ လုံးခြာလည်ရိုက်နေတော့ ကိုယ့်သူငယ်ချင်းတွေကိုဆိုရင် လုံးဝသတိမရတော့ဘူး၊ အပြင်ကမ္ဘာကြီးနဲ့ ဆို လုံးဝအဆက်အသွယ်ပြတ်။ ပြဿနာတတ်ပြီဆိုမှ အသည်းအသန်ပြန်လိုက်ရှာပြီး ရင်တွေဖွင့်လိုက်တွေ လုပ်ကြတော့တာပဲ။
အဲ့လို မဖြစ်ပါနဲ့ ချစ်တို့ ။ ကိုယ့်ချစ်သူကို ချစ်တာလည်း ချစ်ပေါ့။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေကိုလည်း လိုသုံးမျိုးမဆက်ဆံမိစေနဲ့ ။ ဒီလို လုပ်ဖန်များလာရင် နောက်ဆိုရင် ကိုယ့်ဘေးကနေ တစ်ဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ ဝေးကွာသွားလိမ့်မယ်။ အဲ့လိုနဲ့ ကိုယ့်ချစ်သူသာလျှင် ကိုယ့်ရဲ့ သူငယ်ချင်းပဲဖြစ်နေရင် သူ့ ကို ဆုံးရှုံးရမှာ အရမ်းကြောက်ပြီး အမြဲတမ်းခေါင်းငုံ့ နေရလိမ့်မယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
မေအမြဲပြောပါတယ်။ RS တစ်ခုမှာ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ပါပဲ။ ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး။ ဘာခွင့်ပြုတယ်၊ မပြုဘူး။ ဒါတွေဟာ အစောကြီးထဲက တစ်ယောက်နဲ့ တစ်ယောက် အသိပေးထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ လုပ်တာမျိုး၊ တိုင်ပင်ပြောဆိုပြီးမှ လုပ်တာမျိုး။
ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောစရာမရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းက RS တစ်ခုကို ပိုပြီး လွယ်ကူစေတယ်။ ဒါမှ သူဘာလိုချင်တယ်၊ မလိုချင်ဘူး ဆိုတာကို သိထားမှာဖြစ်ပါတယ်။ ဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်မပြေဘူးလား?
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘ၀အတွက် ဖေးမကူညီပြီး supporting လုပ်ပေးရပါတယ်။ သူ့ အတွက်ကြီးပဲ တစ်ဖက်သပ်လုံးဝလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့ လိုတယ်။ ကိုယ့် အိပ်မက်တွေ၊ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လက်မလွှတ်လိုက်ပါနဲ့ ။ သူ့ အတွက်ကို အချိန်ပေးသလို ကိုယ့်ပျော်ရွှင်မှုတွေအတွက်လည်း ကိုယ်အချိန်ပေးသင့်တယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
လူတွေက ကိုယ်အထင်ကြီးလေးစားမြတ်နိုးရတဲ့ သူကို မစွန့် လွှတ်ရဲကြဘူး။ ဒါကြောင့် ကိုယ်က အဲ့လိုလူဖြစ်နေဖို့ လိုတယ်။ ကိုယ့်ချစ်သူက ကိုယ့်အကြောင်းကို သူ့ လူတွေကြားမှ ဂုဏ်ယူစွာပြောနေပြီဆို