Hello , all steemit member.
အခုချိန်ခါသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး များ၏ ကိုးကွယ်ဆည်းကပ်ပူဇော်ရာ သံဃာတော်အရှင်သူမြတ်များ ဝါဆိုဝါကပ်တော် မူမည့် ဝါဆိုလပြည့် နာူနီး အချိန်အခါ ကာလ ဖြစ်ပါသည်
ကျမတို့ကျောင်းသားဘဝ အခုလိုအချိန် ဝါဆိုလပြည့် မတိုင်မှီရက်မျိုး တွင် တစ်ကျောင်းလုံး ရှိ ကျောက်းသူ/ ကျောင်းသားများ ဆရာ/ ဆရာမ များစုပေါင်း၍
ဝါဆိုပန်းများ ကိုင်ကာ စီတန်းလှည့်လည်၍ မိမိတို့ကျောင်းနှင့် နီးစပ်ရာ တန်ခိုးကြီး ဘုရားသို့ သွားရေက်၍ ဝါဆိုပန်းများဆက်ကပ်လှူဒါန်း လေ့ ရှိခဲ့ကြပါသည်
တတ်နိုင်သူက ဈေးကြီးသော ဘုရားပန်းများ ဖြစ်သည့် သစ်ခွ လီလီ သစ္စာပန်း အစရှိသည့်ပန်းများယူဆောင်လာကြသလို
မတတ်နိုင်သူများကတော့ အလေ့ကျပေါက်သော ဆယ့်နှစ်ရာသီပန်း ပုဏ္ဏရိပ်ပန်း စသည်တို့ သူ့ထက်ငါ အပြိုင် ယူဆောင်လာခဲ့ကြ ပြီး မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဝါဆိုပန်းများ ကိုယ်တိုင်ကိုယ်ကျဆက်ကပ်လှူဒါန်း ခဲ့ကြသည်ကို အမှတ်ရမိပါတော့သည်
အခုချိန်တွင်တော့ တစ်ချို့သောကျောင်းများ စီတန်းလှည့်လည်၍ ဝါဆိုပန်းများ သွားရောက် ကြသလို
တစ်ချို့သော ကျောင်းများကတော့ ကျောင်းဝင်းအတွင်းရှိ စာသင်ခန်းမှ ဘုရားစင်တွင်သာ ဝါဆိုပန်းများ ကပ်လှူ လျှက် ရှိသည်ကို တွေ့မြင်ရပါတော့သည်
ခေတ်အဆက်ဆက် ယခုလို ဝါဆိုပန်းများ ဆက်ကပ်ရာ ဤရာသီတွင် မီုးဥတု ဖြစ်သည့်အတွက် ပန်းများလတ်ဆတ်စွာ ပွင့်လန်းနေကြသော်လည်း ဘုရားပန်းများ ဝယ်ယူရာတွင်တော့ ဈေးနှုံးကြီးမြင့်သော အချိန်အခါ ပင်ဖြစ်ပါတော့သည်