အိမ်ကျယ်

luyoe(39)
Published in
#esteem
Words
86
Reading
1 min
Listen
Play
8y

image

အိမ်ကျယ်

မနက်က လမ်းလျှောက်ပြန်လာတုန်း မြင်ကွင်းလေးပါ

ခွေးတစ်ကောင်က လူတစ်ယောက်ကိုဟောင်တယ်။ စူးစူးဝါးဝါးထိုးဟောင်နေတာ

“ဝုတ် … ဝုတ် … ဝုတ်”

ခွေး လူကို ဟောင်ရင် ရုတ်တရက် ကြောက်တာပဲ

“ဟဲ့ခွေး … ဟဲ့ခွေး” ပေါ့

တုတ်နဲ့ ရိုက်မယ်၊ ခဲနဲ့ ပေါက်မယ်၊ ခြေဆောင့်ပြမယ်

ပထမ လူက ခွေးကို လန့်တယ်။ ဒုတိယ ခွေးက လူကိုပြန်လန့်တယ်

ဟောင်ချင်တဲ့ခွေးဟာ လူမရွေးပါဘူး။ သူဟောင်ချင်သူကို ဟောင်ပါတယ်။ ဒါပေမဲ့ ဘာလာလာဟောင်နေတော့ ဒီကောင်ကို ကြောက်စရာ မလိုဘူးဆိုတာ သိလာတယ်။

image

ကျွန်တော်လည်း မနက်တိုင်း ဒီအိမ်ရှေ့ကဖြတ်ရင် အဟောင်ခံနေရတာပဲ။ ဒါပေမဲ့ သူဟောင်နေတာ အိမ်ထဲကပါ။ အိမ်ပြင်ထွက်ဟောင်တာ မဟုတ်ဘူး။ ခြံထဲကဟောင်နေတာ။ ခြံထဲတောင် အိမ်ရှေ့မှာ သံတံခါးက ပိတ်ထားသေးတယ်။

သေသေချာချာကြည့်လိုက်ဦး

အဲဒီခွေးလည်ပင်းမှာက သံကြိုးတောင် ချည်ထားတာသေးတယ်။ သူ့သခင်တွေက သူတို့ခွေးအကြောင်း ကောင်းကောင်းသိတယ်။ သူတို့ဘက်က အကာအကွယ်တွေ ယူထားတယ်။

“ခွေးကိုက်တတ်သည်” ဆိုပြီးတော့ ခြံဝမှာလည်း စာကပ်ထားတယ်

အဲဒီလို အိမ်ဟောင်ခွေးကို

“ဟဲ့ခွေး … ဟဲ့ခွေး” ဆိုပြီးတော့ သွားအော်နေစရာကို မလိုဘူး။

ကိုယ့်လမ်းကိုယ်လျှောက်

အာရုံနောက်တယ်။

တင်ညွန့်

photo : facebook

image

အိမ်ကျယ် | Ecency