World-Cup

Words
78
Reading
1 min
Listen
Play
8y

ဆိုချီမြို့က Fisht Olympic အားကစားကွင်း
image
ပရိသတ်တွေအတွက် ကမ္ဘာ့ဖလားပွဲလက်ခံကျင်းပမယ့်အားကစားကွင်းတွေအကြောင်းအပတ်စဉ်တင်
ပြနေမှုမှာ ဒီတစ်ခါမှာလည်းနောက်ထပ်အားကစား
ကွင်းတစ်ကွင်းအကြောင်း တင်ပြပါမယ်။

အဲဒီအားကစားကွင်းကတော့ ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာရှိတဲ့ Fisht Olympic အားကစားကွင်းအကြောင်း တင်ပြပါမယ်။ Fisht Stadium လို့လည်း ခေါ်ဆိုကြပါတယ်။ ဒီအားကစားကွင်းဟာ ဆိုချီမြို့၊ ဆိုချီအိုလံပစ်ပန်းခြံအတွင်းတည်ရှိတာဖြစ်ပြီး Fisht တောင်တန်းကို အခြေပြုကာအမည်ပေးထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မြက်ခင်းပြင်အားကစားကွင်းဖြစ်ပြီး ကွင်းရဲ့ အရွယ်အစားကတော့ 105 x 68 မီတာ ကျယ်ဝန်းပါတယ်။ဒီအားကစားကွင်းကိုရုရှားအစိုးရကပိုင်ဆိုင်တာ
ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

တည်ဆောက်မှုကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၇၇၉ သန်းရှိခဲ့ပါတယ်။ အားကစားကွင်းမှာ ပွဲကြည့်ပရိသတ် ၄၇၀၀၀ ကျော်ဝင်ဆံ့တယ်လို့လည်း သိရပါတယ်။ ဒီအားကစားကွင်းကို ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနဲ့ ပါရာလမ်းပစ်ပွဲတွေအတွက် အသုံးပြုခဲ့ဖူးပြီး ဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေ ကျင်းပရာနေရာဖြစ်ခဲ့ပါတယ်။
image
အဲဒီအခမ်းအနားတွေပြီးနောက်မှာ ဘယ်အားကစားပွဲမှာ လက်ခံကျင်းပခြင်းမပြုပဲ ၂၀၁၇ ခုနှစ်မှာမှ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တချို့ကို လက်ခံကျင်းပခဲ့ပါတယ်။ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စု (B) ရဲ့ ပေါ်တူဂီနဲ့ စပိန်ပွဲစဉ်အပါအ၀င် ပွဲစဉ်ပေါင်း ၆ ပွဲကို လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

Written..linkhant@linkhant
Photo..google

World-Cup | Ecency