Full

Words
115
Reading
1 min
8y
Listen to this post
~1 min

IMG_20180407_155257.jpgကလေးမရလို့ စိတ်မကောင်းဖြစ်မိပေမယ့် ချွင်းချက်က မောင့်ဘက်ကဖြစ်နေတော့ ကျမလည်းဘယ်တတ်နိုင်ပါ့မလဲလေ။ မောင်အရမ်းတောင်းတတဲ့ မိသားစုဘဝလေးက ကျမတို့အတွက် အိပ်မက်တစ်ခုသာ ဖြစ်နေပါ တော့တယ်။ မောင်ကတော့ လက်မလျော့သေးပါဘူး
ခုလည်း သူ့မိတ်ဆွေ ဆရာဝန်တစ်ယောက်နဲ့တွေ့လို့
ဆရာဝန်က နည်းလမ်းတစ်ခု အကြံပေးခဲ့တယ်တဲ့။
ဖန်ဖြွန်သန္ဓေသားနဲ့လုပ်ရင်လည်း မောင်ရဲ့ သုတ်ရည်က
မအောင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးတဲ့။ အဲဒေါ့....
တစ်ခြားယောက်ျားတစ်ယောက်ရဲ့  သုတ်ရည်ကို
ကာမဆက်ဆံတာမဟုတ်ဘဲ ကျမသားအိမ်ထဲကို ထည့်ပေးရင် ဖြစ်နိုင်တယ်တဲ့။ မောင့်ဘက်ကသဘောတူလက်ခံရင်
စိတ်ချယုံကြည်ရတဲ့ယောက်ျားတစ်ယောက်ကို ခေါ်ပြီး
သူ့ရဲ့ ဆေးခန်းလာခဲ့ပါ သူကူညီပေးမယ်လို့ ပြောပါတယ်။
မောင်ကစိတ်အားတက်ကြွစွာ ပြောပြနေတော့ ကျမလည်း ခေါင်းငြိမ့်ရတာပေါ့။
"ဒါနဲ့ မောင် ဘယ်သူ့ကိုခေါ်သွားမှာလဲဟင်"
"ယုံကြည်ရမယ့်သူရော ရှိလို့လား" လို့မေးတော့
မောင်က...
"မောင်လည်းအဲ့ဒါ စဉ်းစားနေတာ၊ မျိုးရိုးကောင်းတဲ့သူ
လည်းဖြစ်စေချင်တယ်၊ မောင်ရဲ့ မိတ်ဆွေ ဆရာဝန်ကိုပဲ
ထပ်ပြီး အကူညီတောင်းရတာပေါ့ကွာ"
"အင်းပါ မောင်ရယ်..၊ ကလေးရလာရင်ရော မောင့်ရဲ့ 
သွေးသားအရင်းလို ချစ်နိုင်ပါ့မလား မောင်က"
"ချစ်မှာပေါ့.. မောင်ကိုယ်တိုင်လိုချင်လို့ စီစဉ်ထားတာပဲ"
ဒါမဲ့ ကျမစိတ်ထဲမှာ သိပ်ပြီးအလိုမကျချင်ဘူး။ ကိုယ့်ယောက်ျားမဟုတ်ဘဲ တစ်ခြားသူရဲ့ ရင်သွေးကို လွယ်ပြီးမွေးရမှာ
ဆိုတော့ စိတ်ထဲမချင့်မရဲနဲ့ သစ္စာဖောက်သလိုများ ဖြစ်နေမလားတွေးပြီး စိုးရိမ်မိတယ်။
ကျမမောင့်ကို မော့ကြည့်တော့ မျှော်လင့်ချက်ရောင်ခြည်
သန်းနေတဲ့ မျက်ဝန်းတေနဲ့ ပြုံးနေတာတွေ့ရတယ်။
"မောင်.."
"ဟင်..ပြောလေ ချစ်.."
"ချစ် မောင့်ကိုသစ္စာဖောက်သလို ဖြစ်နေမှာစိုးတယ်"
တိုးတိတ်ညင်သာတဲ့ အသံလေးနဲ့ပြောပြီး ကျမမောင့်ကို
တင်းကျပ်စွာ ဖက်ထားလိုက်မိတယ်။
မောင်ကလည်း ကျမကိုယ်လေးကို သိုင်းဖက်လို့ နဖူးလေးကို ဖွဖွလေး ငုံ့နမ်းလာတယ်။
"အာ့တော့ မစိုးရိမ်ပါနဲ့၊ မောင့်ချစ်ဇနီးလှလှလေးကို
တစ်ခြားသူ လက်ဖျားနဲ့ထိတာတောင် မခံနိုင်ပါဘူး၊
ဒါကလည်း အထိအတွေ့နဲ့ဆက်ဆံတာမှ မဟုတ်ဘဲ၊

Full | Ecency