Book

သူတို့လင်မယား ၂ယောက်ထဲ တိုက်ခန်းတခန်းမှာနေကြတာပေါ့။ သူ့မိန်းမက လုံးကြီးပေါက်လှ။ ခါးသေးရင်ချီပြီး မျက်မှန်လေးနဲ့။ စကားပြောရင် လေသံလေးနဲ့ ဖြေးဖြေးလေးပြောတတ်တယ်။ image
ဝန်ထမ်းတွေအများကြီးရှိတဲ့အထဲက ကိုဇော်က သဘောကောင်းတော့ ညီအကိုလို သူငယ်ချင်းအရင်းလို ၃လ ၄လလောက်အတွင်းတော်တ်ာရင်းနီးလာတယ်။ ရင်းနီးလာတော့ ထုံးစံအတိုင်း စနေတနင်္ဂနွေရုံးပိတ်ရက်တွေမှာ ဘီယာလေး အရက်လေးအတူတူသောက်ဖြစ်ကြတာပေါ့လေ။ ကိုယ်က အဆောင်ငှားနေရတာဆိုတော့ သောက်ဖြစ်ရင် ကိုဇော့်တိုက်ခန်းမှာပဲ ဧည့်ခန်းမှာ သူငယ်ချင်း ၂ယောက်ထိုင်သောက်ကြတယ်။ ဆိုင်တွေဘာတွေသိပ်မထိုင်ဖြစ်ကြဘူး။ ကိုဇော့်မိန်းမကလည်း လိုအပ်တဲ့အမြည်းတွေဘာတွေလုပ်ပေးတယ်။ တခါတလေ သူ့အတွက် ၀ိုင် လေး ဘာလေးဝယ်ပြီး သူကလည်း ကိုယ်တို့ဝိုင်းမှာ ၀င်ပါတယ်။ အဲဒီလိုနေလာတာ တစ်နှစ်နီးပါးရှိပြီ။ သူတို့လင်မယားကလည်း ကလေးမရှိတော့ သူတို့အိမ်မှာ လွတ်လွတ်လပ်လပ် စားအိမ်သောက်အိမ်လို မကြာခဏသွားဖြစ်တယ်။ အဲဒီအထိ ကိုယ့်စိတ်ထဲမှာလည်း ကိုဇော်တို့လင်မယားကို ကိုယ့်အမျိုးတွေလိုပဲသဘောထားရှိမိတယ်။ တရက်မှာတော့ ကိုဇော့်မိန်းမက သူ့သူငယ်ချင်းတွေလာခေါ်လို့ အပြင်သွားတယ်။ ကိုဇော်နဲ့ကိုယ် ၂ယောက်ထဲ ဧည့်ခန်းမှာ ဘီယာထိုင်သောက်နေကြရင်း ရောက်တတ်ရာရာစကားပြောနေခဲ့ကြတယ်။ ကိုယ်က အမှတ်မထင် ကိုဇော်ရာ ခင်ဗျားတို့ အိမ်ထောင်ကျတာ ၂နှစ်လောက်ရှိနေပြီ ခုထိ ဘာလို့ကလေးမယူသေးတာလဲဆိုတော့ မသိပါဘူး ကိုသီဟရာ ဆရာဝန်နဲ့လည်း ပြကြည့်တာ ဘယ်သူ့ဘယ်သူမှာမှ ချို့ယွင်းချက်မရှိဘူးပြောတာပဲ။ ရချိန်မတန်သေးလို့နေမှာပါတဲ့။ ကိုယ်က အေးဗျာ.. ကိုဇော်က မကြိုးစားဘူးလား ကိုဇော့်မိန်းမက ကိုယ်လုံးကိုယ်ပေါက်ကလည်းလှ ရုပ်ကလည်း ချစ်စရာလေးပါ ကိုဇော် အားနည်းနည်းစိုက်လိုက်ရင် ကလေးရမှာပါလို့ ကိုယ်က ကိုဇော့်ကို စ လိုက်ပါတယ်။ ကိုဇော်က နည်းနည်းတွေသွားတယ်။ တခုခုကိုစဉ်းစားသလိုလုပ်နေရင်း အမှန်အတိုင်းပြောရရင် တပတ်မှာ ၃ရက်လောက်အတူနေဖြစ်တယ်ဗျ..။ နေဖြစ်တိုင်းလည်း သူရောကျနော်ပါ စိတ်ပါလက်ပါနေဖြစ်ကြတယ်။ ဒါတောင် ဘာလို့မရတာလဲမသိပါဘူးဗျာ.. တဲ့။ ဒီလိုနဲ့ အဲဒီအကြောင်းစကားစပြတ်သွားပြီး ၂ယောက်သားတခြားအကြောင်းတွေပြောရင်း ဆက်သောက်နေကြတာပေါ့။ ညကလည်း တဖြည်းဖြည်းနက်လာတယ်။ အပြင်မှာ မိုးတွေကလည်း သည်းကြီးမည်းကြီးရွာနေတယ်။ ကိုယ့်ရှေ့က ဘီယာခွက်ကို ၂ယောက်သား ကိုယ်စီသောက်နေရင်း စကားဝိုင်းက ငြိမ်သွားတယ်။ ကိုယ်က အဲလိုကြီးငြိမ်သွားတာမကြိုက်တော့ ကိုဇော် မမိုး အပြင်သွားတာတော်တော်မိုးချုပ်နေပြီ ပြန်လည်း မလာသေးပါလား လို့ပြောလိုက်တယ်။ ကိုဇော်က သူလည်း တခါတလေမှ အပြင်ထွက်ရတာဆိုတော့ အားရအောင် လည်တာနေမှာပေါ့ဗျာ..။ သူ့ငယ်သူငယ်ချင်းတွေနဲ့ပဲ စိတ်ချရပါတယ် .. တဲ့။ ပြီးတော့ သူက ဆက်ပြောတယ် ကိုသီဟ ကျနော့်မိန်းမကို ဘယ်လိုမြင်လဲ တဲ့။ ကိုယ်ကလည်း မမိုးကအေးတယ်။ အိမ်ထောင်မှုနိုင်နင်းပြီး သာမန်ရွက်ကြမ်းရေကျိုထက်သာတဲ့ရုပ်ရည်ရှိတယ်။ ခန္ဓာကိုယ် အချိုးအစားလည်း လှတယ်ဗျာ လို့ပြောတော့ ကိုဇော်က ခင်ဗျားက သေချာကြည့်ထားတာပဲ ထင်တောင်မထင်ထားဘူး။ ကိုယ်က အားနာသွားပြီး ဟာဗျာ.. အဲလိုမဟုတ်ပါဘူး ခဏခဏမြင်နေရ ဆုံနေရတော့ ဒီလိုပဲ သတိထားမိတာပါ လို့ ပြန်ပြောလိုက်ရတာပေါ့။ ကိုဇော်က ကဲဗျာ.. ကိုသီဟ ပွင့်ပွင့်လင်းလင်းမေးကြည့်မယ် ခင်ဗျား.. ကျနော့်မိန်းမနဲ့ မအိပ်ချင်ဘူးလား.. တဲ့။ ကိုယ်က လည်း ဟာ ကိုဇော် ဘယ်လိုမေးလိုက်တာလဲဗျာ.. ကျနော့်ကို ငရဲကြီးအောင် လုပ်နေပြန်ပြီ။ ကိုဇော်က ငရဲကြီးတာတွေ သေးတာတွေလုပ်မနေနဲ့ ခင်ဗျားစိတ်ထဲမှာရှိတဲ့အတိုင်းသာပြော.. ကျနော့်မိန်းမနဲ့ ခင်ဗျား အတူတူနေချင်သလားပဲပြောဗျာ..။
.
ကိုယ့်မှာ သောက်ထားတဲ့ ဘီယာအရှိန်လေးဘယ်ရောက်သွားလို့သွားမှန်းမသိအောင် ရှိန်းဖိန်းလာပြီး အမှန်အတိုင်းဝန်ခံရရင်တော့ မမိုးလိုမိန်းကလေးမျိုးနဲ့ ကျနော်အတူနေချင်တာပေါ့ ကိုဇော်ရာ လို့ ပြောလိုက်တယ်။ ကိုဇော်က ဟုတ်ပြီ ဒါဆို ဒီည ခင်ဗျား အဆောင်မပြန်နဲ့တော့ အိမ်မှာပဲအိပ်လိုက်။ မိန်းမပြန်လာရင် ကျနော်က အရမ်းမူးချင်ယောင်ဆောင်နေမယ်။ ခင်ဗျားအစွမ်းအစကိုကြည့်မယ်။ ခင်ဗျားကျနော့်မိန်းမကို ဒီနေ့ည ရအောင် ဆွဲဆောင်ဗျာ..။ ကျနော်မသိချင်ယောင်ဆောင်ပေးမယ်။ ကိုယ်က ဟာ ကိုဇော်ရာ သင့်တော်ပါ့မလားဗျာ.. မကောင်းပါဘူးဗျာ..။ ကျနော်ကလူပျိုဆိုပေမယ့် အဲလိုကြီးလုပ်လို့ အဆင်ပြေပါ့မလား။ ကိုဇော်တို့ အိမ်ထောင်ရေးမှာ အဖုအထစ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ကျနော်မလုပ်ပါရစေနဲ့ဗျာ.. လို့ပြောတော့။ ကိုဇော်က ဘာမှမပူနဲ့ ခင်ဗျားကူညီရင် ကျနော်တို့အိမ်ထောင်ရေးပိုလို့တောင် အဆင်ပြေသွားလိမ့်မယ်။
ခင်ဗျားအနေနဲ့သာ ကျနော်မူးချင်ယောင်ဆောင်ပြီးအိပ်ပျော်သလိုလုပ်နေတုန်း ကျနော့်မိန်းမကို ရအောင်နှူးပေး .. ဟုတ်ပြီလား။ ကျန်တာဘာမှ မစိုးရိမ်နဲ့။ ဘယ်လိုလဲ လုပ်နိုင်ပါ့မလား။ ကိုယ်က ဘာပြန်ဖြေလို့ဖြေရမှန်းမသိခင် အိမ်ရှေ့တခါးဖွင့်သံကြားလိုက်ရတယ်။ မမိုးပြန်လာတာဖြစ်မှာပဲ။
.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now