Foods

မြန်မာအကြိုက် အနီးစပ်ဆုံးဖြစ်ပြီး လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ ကွေ့တယိုတစ်ဖြစ်လဲ လှေခေါက်ဆွဲကို အဓိကထား ရောင်းချပေးနေတဲ့ boat noodle Myanmar ကို ရန်ကုန်မှာ အောက်တိုဘာလကုန်ပိုင်းက ဒဂုံစင်တာ ၁ မြေညီထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်ရဲ့ concept၊ ဖွင့်လှစ်ဖြစ်တဲ့အကြောင်းအရင်းနဲ့ ထူးခြားချက်စတာတွေကို ဒေါ်အေးမြတ်မော်ကပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ boat noodle ကို YKKO နဲ့ ဂျပန်ကအစားအသောက် လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ toridoll corporation နဲ့ joint venture လုပ်ပြီးဖွင့်ထားတာဖြစ်ပါတယ်။ boat noodle ဟာ ၂၀၁၄ ခုနှစ်ကစတင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာ toridoll corporation က majority သယ်ထားတဲ့ brand တစ်ခုပါ။
Boat noodle က အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းတို့လိုနိုင်ငံတွေမှာ ရှိပါတယ်။ ၂၀၁၇ခုနှစ် ဒီဇင်ဘာလာအတွင်းမှာ စင်ကာပူနဲ့ သြစတြေးလျမှာ ဖွင့်ခဲ့ပါတယ်။
YKKO အနေနဲ့ franchise မယူဘဲ toridoll နဲ့ partner အဖြစ်ပူးပေါင်းပြီးလုပ်ခဲ့တဲ့ အကြောင်းရင်းရှိပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးစားသောက်ဆိုင်လုပ်ငန်းစုက chain restaurant လုပ်ငန်းသုံးဆယ်ကျော်၊ လေးဆယ်လောက်ပဲရှိတယ်။ ဂျပန်နိုင်ငံမှာ အစားအသောက် chain လုပ်ငန်းဆိုရင် food corporationတစ်ခုအောက်မှာ စားသောက်ဆိုင်တစ်ထောင်ကျော်နဲ့ brand တွေအများကြီးရှိပါတယ်။ ဂျပန်နိုင်ငံရဲ့အလုပ်လုပ်တဲ့ operation efficiency နဲ့ manage လုပ်တာကို အားကျတဲ့အတွက် အတူတူအလုပ်လုပ်ရင် ပညာတွေ အများကြီးရနိုင်တယ်လို့ ယူဆတဲ့အတွက် အတူတူပေါင်းပြီးလုပ်ဖြစ်တာဖြစ်ပါတယ်။
Brand တစ်ခုကို franchise ယူဖို့ စဉ်းစားတဲ့အခါလူတန်းစားမရွေးစားနိုင်တဲ့ ဈေးနှုန်းမျိုး၊ မြန်မာလူမျိုးတွေလည်း ကြိုက်တဲ့အရသာမျိုးကို အဓိကစဉ်းစားခဲ့ပါတယ်။ အခုမိတ်ဆက်ခဲ့တဲ့ boat noodle ဆိုလည်း ထိုင်းအစားအစာက မြန်မာလူမျိုးတွေနဲ့ နီးစပ်၊ ဈေးနှုန်းကလည်း သင့်တင့်တယ်ဆိုပြီး လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now