GPU mining building

doubloo(41)
Published in
#esteem
Words
62
Reading
1 min
Listen
Play
8y

သူတစ်ပါးအပေါ် အမြဲရန်လိုနေတတ်ခြင်းက

ကိုယ့်ရဲ့ အသိဥာဏ် နည်းပါးမှူကို

ဖော်ပြနေတာပါ။



သူတစ်ပါးအပေါ် အမြဲရန်လိုတတ်ခြင်းက

သူ့အပေါ်ထိခိုက်သွားတာထက် ကိုယ့်ကိုယ်ကိုယ်

မီးလောင်တိုက်သွင်းနေပီး မရင့်ကျက်မှူနှင့်

ပညာမဲ့မှူကို ဖော်ပြနေတာပါ။
image

သူတစ်ပါးကို အကောင်းမမြင်တတ်ဘဲ

အဆိုးမြင်ကာ ရန်လိုနေတတ်ခြင်းသည်

ကိုယ့်တက်လမ်းကို ကိုယ်ရိုက်ချိုးနေသော

အညံ့စား လူမိုက်ပဲ ဖြစ်ပါလိမ့်မယ်။



လူတစ်ယောက်အပေါ်ကို မနာလိုဝန်တိုပီး

ရန်လိုနေခြင်းသည် လောကမှာ အလွန်ရှက်စရာကောင်းပီး

ကိုယ့်စိတ်ဓာတ်ညံ့ဖျင်းမှူကို ကိုယ်ကိုယ်တိုင်

မီးမောင်းထိုးပြနေသလို ဖြစ်နေတတ်ပါတယ်။
image

လူတစ်ဦးနဲ့ တစ်ဦး သတ်ပုတ်ခြင်းသည်

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သော်လည်း

အများစုမှာ ကိုယ့်အရှက်ကို ကိုယ်ခွဲပီး

ကိုယ်ကအလကားကောင်ပါလို့ ဝန်ခံလိုက်တာနဲ့ အတူတူပါပဲ။



ကိုယ့်အပေါ်ကို အရမ်းလွန်လွန်ကျူးကျူး မိုက်ရိုင်းထားသူကို

ရန်လိုနေခြင်းထက် ပညာသားပါပါ တစ်သက်တာ

ခံစားနာကျင်ရအောင် တုန့်ပြန်တတ်ဖို့ လိုပါတယ်။



အကောင်းဆုံးနည်းလမ်းကတော့

တုန့်ပြန်ခြင်းထက် ဥပေက္ခာပြုနိုင်သွားရင်

သူ့အပေါ်ကို ကိုယ်က တစ်သက်တာ အောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

GPU mining building | Ecency