one flower

Words
33
Reading
1 min
Listen
Play
3y

အထီးကျန် ပန်းတစ်ပွင့်

=================

တစ်ပွင့်တည်းသာ ပွင့်တာကြာ၍

လိပ်ပြာလာလည်း ဧည့်မခံတတ်။

နေခြည်ဖြာသက် ခွန်းနှုတ်ဆက်ဖို့

ရှက်ရွံ့နေမိခဲ့။

လေညင်းခေါ်လာ မျောလိုက်ပါဖို့

အားနာနေမိခဲ့။

ရေလိုပါလျက် ပွင့်ဖို့ခက်လည်း

အချက်မပြတတ် ဖြစ်နေခဲ့။

တစ်ပွင့်တည်းသာ ပွင့်ရကြာ၍

အားနာရွံ့ရှက် ဧည့်ဝတ်ပျက်လည်း

ပွင့်ရက်ဆိုဖွေး မွှေးရက်ဆိုသင်း

ဇွဲတင်းစိတ်မာန် သူရှင်သန်သည်

အထီးကျန်သော ပန်းတစ်ပွင့်။

လိပ်ပြာလေးရယ် နားလည်သင့်။

နေခြည်လေညင်း အားပေးသင့်။

ရေလိုနေသည် ပန်းတစ်ပွင့်။

one flower | Ecency