One Step Closer

Words
216
Reading
1 min
Listen
Play
1M

မနေ့က YG MLBB အသင်း၏ EWC/MSC ဆီမီးဖိုင်နယ် ပြိုင်ပွဲ ရှိ၏။ ညနေခင်း Futsal Training သွားနေတာနဲ့ မကြည့်လိုက်ရပေ။ ညဘက် ပြန်ရောက်မှ ကြည့်ရ၏။ Live မဟုတ်ဘဲ Reply တော့ ဖြစ်သွား၏။ ကိစ္စမရှိ ဘယ်လို result ဖြစ်ပေါ်သွားလည်း ကျနော် မသိ‌ရသေးပေ။ ထို့ကြောင့် အသစ်ပဲ ဖြစ်နေသေး၏။ ပွဲက ပြီးသွားခဲ့ပြီ ဖြစ်ပေမဲ့ ကျနော်က ရင်ခုန်နေသေး၏။ တွေ့ဆုံရမည့် အသင်းက Team Falcons PH ဖြစ်၏။

ဒီ အသင်းက ကျနော်တို့ မြန်မာအသင်းတွေကို ဒုက္ခပေးနေကြ အသင်း ဖြစ်၏။ M2 တုန်းက BG အသင်းနဲ့ Grand Final မှာ ဆုံခဲ့ဖူး၏။ ထိုစဉ်က Bren eSports နာမည်နဲ့ ဖြစ်၏။ ‌နာမည်ပြောင်းထားပြီးနောက်မှာ M2 တုန်းက ကစားသမား တယောက်သာ လက်ရှိ အသင်းမှ ကျန်တော့၏။ ရှေ့ International ပွဲစဉ်တွေမှာ Team Falcons (Bren) အနေဖြင့် မြန်မာက ဘယ်အသင်းနဲ့တွေ့တွေ့ ရင်ဆိုင် အနိုင်ယူခဲ့လေ့ရှိ၏။

ထို့ကြောင့်လည်း ယခု ပွဲစဉ်ကို ကြည့်ဖို့ ရင်ခုန် စိတ်လှုပ်ရှားနေရခြင်း ဖြစ်၏။ ဒီ အိပ်မက်ဆိုးကြီးကို ကျော်လွန်နိုင်မလား ဆိုသည့် စိတ်နဲ့ စိုးရိမ်နေမိ၏။ YG ကို မယုံလို့ မဟုတ် တခါတလေ ကံကြမ္မာက ကျီစယ် လွန်းလှ၏။ မြန်မာအသင်းတွေ International tournament မှာ Grand Final မတက်နိုင်ခဲ့တာ အတော်ကြာခဲ့ပြီ။ M2 BG ပြီးနောက်မှာ Final အဆင့်ထိ တက်နိုင်သည့်အသင်း မရှိသေးပေ။

တခုခုဆို M2 နဲ့ပဲ ချိန်ထိုးပြီး ပြောနေရတာကလည်း မဟုတ်သေးပြန်ပေ။ ထို့ကြောင့် ယခု ပွဲစဉ်မှာသာ Team Falcons ကို အနိုင်ရပြီး Grand Final ကို တက်နိုင်ခဲ့မယ်ဆိုရင် အတော်လေးကို ပြီးပြည့်စုံမည် ဖြစ်၏။ အမြဲ ဒုက္ခပေးနေတဲ့ PH တွေကို အနိုင်ယူပြီး Final တက်နိုင်မည့် feeling ကြီးက မည်မျှ မိုက်မည်နည်း။

Best of 5 ပွဲစဉ် ဖြစ်၏။ ပထမ ၂ ပွဲကို YG က နိုင်ထား၏။ ၃-၀ နဲ့ ပြီးပြီ ထင်မှတ်ထားပေမဲ့ တတိယ ပွဲစဉ်ကို Falcons PH က နိုင်သွားခဲ့၏။ စတုတ္ထပွဲစဉ်မှာပါ Falcons PH က နိုင်သွားပြီး ၂-၂ ဖြစ်နေခဲ့၏။ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ် ကစားရတော့မည်။ ယခင် အရိပ်ဆိုးကြီးကလည်း ရှိထားတော့ နောက်ဆုံး ပွဲစဉ်ကို လန့်နေခဲ့၏။ ဒီတကြိမ်မှာတော့ ကံတရားက ကျနော်တို့ဘက်မှာ ရှိခဲ့ပါ၏။ နောက်ဆုံးပွဲစဉ်ကို သေသပ် လှပစွာ အန်ုင်ယူပြီး ၃-၂ ဖြင့် ‌Grand Final ကို တက်ရောက်သွားနိုင်ခဲ့၏။ Final မှာ Onic ကို ၃-၀ ဖြင့် အနိုင်ရထားသည့် Team Spirit နဲ့ ယှဉ်ပြိုင် ရမည် ဖြစ်၏။

(photos from MSL Myanmar)

One Step Closer | Ecency