💶

alay1(38)
Published in
#esteem
Words
39
Reading
1 min
Listen
Play
8y

ရန်သူဝိုင်းထား ထိုယောက်ျားကား ပြေးသွားဖို့ရာ
လမ်းပေါက်သာလျှက် ပြေးမထွက် လမ်းတွက်မဟုတ်ချေ…………

မစင်လူးလျှင် အေးကြည်လင်သည့် ရေစင်ရှိလျှက်
မဆေးရက် ကန်တွက်မရှိလေ………………

ဟစ်အော်ငိုညည်း ရောဂါသည်း၍ လူလည်းဗျာဒိ နာမချိသော်
တတ်သိမြင်မြော် သမားတော်၌ ဆေးကျော်ရှိလျှက်
မစားခက် ဆေးတွက်မဟုတ်ပေ………………

အနပ္ပကမ်း ဘေးဘျမ်းများစွာ သံသရာမှ ထွက်ရပ်လမ်းမ
သမထဝိပဿ နာ ကိလေသာဘင် နာဟောင်းကျင်ကို
သန့်စင်လျှော်ဆေး မဂ်ရေအေးဖြင့် မြိုက်ဆေးစွမ်းထက်
ရှိပါလျှက်က မထွက်ဆေးလို မစားလို မင်းပျို ကိုယ့်တွက်ပေ…………

                           [မဟာဝိသုဒ္ဓါရုံ ဆရာတော်]

image
alay1@alay1

💶 | Ecency