ပြန်မဆုံနိုင်တော့တဲ့ခရီး

Words
67
Reading
1 min
Listen
Play
5y

pier_5086290_640.jpg
score

သတိတရ တမ်းတလို့ လွမ်း ဟောဒီညလေးပေါ့
တွေးမိတိုင်း အလွမ်းက ရင်ထဲမှာ အချိန်တိုင်း
ငေးမောလို့ အဝေး တွေဝေနေလဲ အဆုံးမရှိလမ်းဆဲ
မျှောလင့်တာတွေ အိမ်မက်တစ်ခုလို ပျောက်ဆုံးမသွားစေချင်
အိမ်မက်က ဆက်မက်လို့ရပါတော့မလား သံသယတွေရယ်
တစ်နေ့တော့ တို့နှစ်ယောက် ခုံတန်းလျားလေးမျာ
ပြန်ဆုံနိုင်မှာပါ
အထီးကျန်စွာ ရှင်သန်နေရတာက အသက်ရှူရ ခက်စေတယ်
မွန်းကျပ်တဲ့ နေ့တွေထဲ အဝေးက လွမ်းရတာက ပိုခက်တယ်
မင်းနဲ့ ဝေးသထက်ဝေးအောင် ခရီးတွေနှင်ဆဲ
ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေက ပြင်မရပြီလေ
ပြန်တွေ့နိုင်ပါ့မလား မသေချာတော့ပြီဘဲ
မျော်နေဦးမလာ ချစ်သူရေ
မင်းစကားသံတွေ မေ့မရနိုင်သေး
ဂတိတွေလည်း တိုင်တည်ဖူးခဲ့ အရာရာဟာ ပုံပြင်လိုပါဘဲ
အဆုံးလည်းမရှိ အစလည်းမသိချင်တော့ပါ
မခွဲချင်လဲ ခွဲခဲ့ရတာပါဘဲ လေလွင့်နေဆဲ အတွေးများနဲ့
ငါ မငိုချင်တော့ပါဘူး ဝမ်းမနည်းတော့ပါဘူး
ဟိုအရင်ချိန်တွေကို ပြန်မတမ်းတတော့ပါ
အလွမ်းတွေကိုလည်း ခွင့်ပြုမပေးတော့ပါ
အဆုံးမသက်တဲ့ ဒီဇာတ်လမ်း အစကိုပြန်မသွားချင်ပါ
စောင့်မနေတော့ပါနဲ့ ချစ်သူရေ
ကိုယ်ပြန်မလာနိုင်တော့ပြီလေ

ပြန်မဆုံနိုင်တော့တဲ့ခရီး | Ecency