ငယ်ချစ်အတွက်

coffee_1878750_640.jpg
score

အချိန်နာရီနေ့ရက် ရာသီအလီလီပြောင်းသွားရင်း တိုက်စားသွားတဲ့ ဘဝရဲ့နုပျိုခြင်းတွေ တရွေ့ရွေ့နဲ့ အရာရာဟာ ဟောင်းနွမ်းလို့သွားခဲ့တယ် အတိတ်တွေက အရိပ်ဖြစ်လာလေမလားလို့ စိုးတထိတ်ထိတ်နေခဲ့သော်လေည်း အတိတ်သည် ကျန်ရစ်ခဲ့သော မိုင်တိုင်များအလား သူနဲ့ကိုယ်နဲ့ ဝေးသထက်သာ ဝေးလာခဲ့ရတယ် ပြန်လည်နီးစပ်ဖို့ အကြောင်းဖန်လာစရာက မသေချာတော့ပါဘူး ကြည်နူးစရာအချိန်လေးတွေကို သိမ်းထားမိခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမယ်လေ
အကြင်နာမိုးတွေ ရွာသွန်းဖြိုးခဲ့သော အတိတ်သည် ယနေ့တိုင် ရင်မှာ စိုပြည်စိမ်းလမ်းနေဆဲ အချစ်ပန်းခင်းလေးပမာ လှပလို့နေဆဲ ဖူးပွင့်ဝေဆာလို့နေဆဲပါ မသိမြင်နိုင်သူအဖို့တော့ ပုံပမာရယ်ပါ တကယ်လို့သာဆိုတဲ့ ကံကိုလည်း မယုံနိုင်သေး
အဖြစ်အပျက်တိုင်းက သိပ်မကြာသေးသလို တွေးလိုက်တိုင်း ရင်ခုန်လှို်မောနေဆဲ
ဖျောက်ဖျက်မရတာက အစွဲအလမ်းရဲ့ ကျိန်စာတွေများလား မသိသလိုနေလိုက်ရချိန်တိုင်း သက်ပြင်းငွေ့ငွေ့လေတွေနဲ့ ကျေနပ်လိုက်ရတာဘဲပေါ့
နောက်ဆုံး လက်ဆောင်အနမ်းလေးက ခွဲခွာခြင်းအတွက် ခရာသံဆိုပေမယ့် စွဲစွဲလမ်းလမ်း ယစ်မူးတဲ့အထိ နှစ်သက်ခုံမင်ခဲ့မိတယ်
လမ်းခွဲပြီးနောက်ပိုင်း ပြန်လည်တမ်းတမိတာက ချိုမြိန်အနမ်းလေး တွေကိုလေ တကယ်ကို မေ့ဖျောက်ရခက်တဲ့ အချစ်အဆိပ်တွေ ဆိုတာ မသိခဲ့ပါလား
ပျောက်ဆုံးသွားတဲ့ ပုံပြင်လေးတစ်ပုဒ်က တစ်ချိန်မှာ အသစ်တစ်ဖန် ပြန်လည် ရှင်သန်နိုးထလို့ အာရုံတွေကို နိုးကြားစေလာမယ်လို့ မထင်ထားပါဘူး
အေးခဲမာကျောနေတဲ့ အတိတ်တွေက ပြန်ဆုံတွေ့ချိန်အခိုက်အတန့်လေးမှာ အရည်ပျော်လို့သွားရပြန်တယ်လေ
အမှတ်သညာတွေက အချိန်ရဲ့အောက်မှာ ပျက်စီးလုလုအခြေအနေပါဘဲ
ချစ်အနမ်းနွေး'နွေးတွေက တစ်ဖန်ပြန်လည်ရှင်သန်ဖို့ လိုအပ်ပေမယ့်
အေးချမ်းတဲ့ သန့်ရှင်းသော အပြုံးတစ်ပွင့်က နေရာယူသွားခဲ့ပြီမဟုတ်လား အသက်အရွယ်နဲ့ ရင့်ကျက်ခြင်းမှာ မသိဟန်ဆောင်တယ်ဆိုတာ မုသားမဟုတ်သလို လိုအပ်တဲ့ ဖုံးကွယ်မှု ချပ်ဝတ်တန်ဆာပါ
တစ်ယောက်မျက်ဝန်းကို တစ်ယောက် စကားလုံးတွေ ဖွေရှာရင်း နှုတ်ဆက်စကားတွေ အလိုက်သင့်ဆိုကြတယ်
နှစ်ယောက်လုံးရဲ့ အသိမှာ ဆုံတွေံ့ ခဲ့ခြင်းတွေအတွက် နောင်တ မရသလို ခွဲခွါရခြင်းအတွက်လည်း အပြစ်မတင်ကြပါဘူး
အမှတ်တရ နှုတ်ဆက်စကားတွေက အခုချိန်မှာတော့ တိတ်ဆိတ်ရင်ခုန်သံတွေအဖြစ်နေရာယူလိုက်ကြပါပြီ
ရင့်ကျက်ခြင်းမှာ နေသားတကျ ဖြစ်နေကြပြီမဟုတ်ပါလား

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center