Pre Season

Words
176
Reading
1 min
Listen
Play
1M

Man United ၏ ခြေစမ်းပွဲများနဲ့ ကျနော် အလှမ်းတွေ ဝေးနေခဲ့၏။ ရာသီသစ် မတိုင်မီ ခြေစမ်းပွဲ ၆ ပွဲ ကစားမည် ဖြစ်၏။ ခုထိ ၄ ပွဲ ကစားထားပြီ ဖြစ်၏။ ကျနော် ၁ ပွဲမှ ကောင်းကောင်း မကြည့်ရသေးပေ။ Rosenborg အသင်းနှင့် ပွဲစဉ်ကိုတော့ ခဏလား ကြည့် ဖြစ်လိုက်၏။ ဂိုးပြတ် ခြေစွမ်း ကွာဟချက်ကြောင့် ဆက်မကြည့် ဖြစ်တော့ပေ။ ဒါတောင် လူငယ်တွေနဲ့ချည်း ကစားသွားတာ။

နိုင်လို့သာ နိုင်တာပါ။ ခြေစမ်းပွဲ အစ တုန်းက Wrexham အသင်းကို ၀-၁ နဲ့ ရှုံးခဲ့သေးသည် မဟုတ်လား။ United က အဲ့လိုပါဆို။ ‌တဖြည်းဖြည်း နောက်ပိုင်း ခြေစမ်းပွဲတွေမှာတော့ လူစုံ ပြန်လည် ပါဝင်လာခဲ့ ပြီ ဖြစ်၏။ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ပြန်လာသည့် ကစားသမားတွေလည်း ပြန်ရောက်ပြီကိုး။ ခြေစမ်းပွဲတွေမှာ ဝင်ရောက် ကစားနေတဲ့ ကွင်းလယ် ကစားသမား Mount အနေနဲ့ Injury မိသွားသေးသည်ဟု သိရ၏။

ဒဏ်ရာများနဲ့ လုံးထွေးနေရသည့် Mount အနေဖြင့် ဒဏ်ရာတွေနဲ့ ပြန်လည် ရင်းနှီးနေပြန်ပြီ။ Chelsea က ခေါ်လိုက်ပြီး ကတည်းကကို ကောင်းကောင်း သုံးရတယ် မရှိသေးပါဘူး။ Injury မိလိုက် ခဏ ကစားလိုက် ပြီး Injury မိလိုက်၊ ပြန်ပြီး လုံးချာလည်လိုက်လို့ နေခဲ့၏။ United ရဲ့ No 7 သမိုင်းက Mount လက်ထက်မှာ တခန်းရပ်သွား ခဲ့ပြီ ထင်ပါရဲ့။

ခြေစမ်းပွဲ ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲရှုံး ၂ ပွဲနိုင် ၁ ပွဲ သရေ ကျထားခဲ့၏။ ကစားကွက် စမ်းသပ်တာမျိုးထက် လူငယ်တွေကို ပွဲထုတ်တာ ပိုများ၏။ အသင်းကြီး ဆီသို့ ခေါ်ယူနိုင်ရန် လူငယ်တွေ၏ ခြေစွမ်းကို စောင့်ကြည့်နေတာမျိုးလည်း ဖြစ်နိုင်၏။ လူတွေ ထပ်ဝယ်နေတာထက် လူငယ်တွေကို အချိန်ပေးပြီး ကစားခိုင်းတာ ပိုကောင်း မလားပေါ့။ ဒီနှစ် ကွင်းလယ်ပိုင်းကိုတော့ အတော်လေး ခေါ်ယူ အားဖြည့်ထားတာ တွေ့ရ၏။

Star Player တွေ ခေါ်ယူတာမျိုး မရှိပေ။ ဒါပေမဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေက အသင်း အတွက် တကယ် လိုအပ်တဲ့ ကစားသမားတွေ ဖြစ်၏။ လူလည်း ခေါ်ပါ။ ကိုယ့်အသင်း အကယ်ဒမီက ထွက်သည့် လူငယ်တွေကိုလည်း နေရာ ပေးဖို့ လုပ်ပေးဖို့ လိုမည် ဖြစ်၏။

(photos from Manchester United page)

Pre Season | Ecency