အိမ်ထဲမှာဘဲနေရမယ်

girl_5676779_640.png
link

ရောဂါတွေက ကူးစက်မှုတွေ တအားမြန်နေတယ်လို့ပြောပါတယ် ရပ်ကွက်တွေထဲလဲ အိမ်တွေ လမ်းတွေကို လော့ဒေါင်းချထားတယ် အိမ်အပြင်မထွက်ရဘူး ဖျားတဲ့သူတွေလည်း အရမ်းများနေတယ် အိမ်ဘေးကလူတွေလည်းဖျားနေကြတယ် ချောင်းဆိုးလာရင်တော့ သံသယ လူနာအဖြစ်နဲ့ သက်မှတ်ပြီး အိမ်မှာဘဲ စောင့်ကြည့်နေရမယ်တဲ့ ဆေးခန်းတွေလည်း မဖွင့်တော့ဘူး ဆေးဆိုင်တွေလည်း ပိတ်ကုန်ကြပြီလေ သေတဲ့သူတွေလည်း သေနေကြတယ်
အနံ့ ပျောက်ပြီး ဖျားရင်တော့ ကြောက်စရာပါဘဲ အနံ့ပျောက်တဲ့သူတွေကိုတော့ ဆေးရုံကို ခေါ်သွားကြတယ်လေ ကွာရင်တင်းဝင်တဲ့သူတွေလည်း အများကြီးပါဘဲ
အကောင်းဆုံးကတော့ အိမ်ထဲက အိမ်ပြင်ကိုမထွက်တာအကောင်းဆုံးဘဲ သူများတွေနဲ့လည်း မတွေ့ဆံ စကားမပြောတာ ကောင်းတယ် စတေးအပ်ဟုန်း လုပ်တာက ဘေးကင်းနိုင်ပါတယ်
အလုပ်မလုပ်ရလို့ ပိုက်ဆံကမရှိ ရောဂါဖြစ်တော့ အပြင်လည်း မသွားရ အိမ်မှာဘဲ ရှိတာလေးတွေ ချက်ပြုတ်စားသောက်ပြီး အင်တာနက်လေးသုံး စာလေးဖတ်ပြီး စိတ်တွေကို တည်ငြိမ်အောင် ထားနေရတယ်
လောကကြီးက ကြောက်စရာပါဘဲ ရောဂါတွေနဲ့ စစ်ဘေးတွေနဲ့ နေထိုင်ချင်စရာတောင် မကောင်းတော့ပါဘူး ချမ်းသာတဲ့သူလဲ ရောဂါဖြစ်တယ် ဆင်းရဲတဲ့သူလဲ ရောဂါဖြစ်တယ် ဘယ်သူမှ မလွတ်ပါဘူး
အိမ်မှာ တိတ်တိတ်လေး နေပြီး ရောဂါပျောက်ကင်းတဲ့ နေ့သစ်တွေကို မျှော်လင့်နေရပါတယ်
ပျော်ရွှင်စရာ နေ့သစ်လေးက ဘယ်တော့များမှ ရောက်လာမယ် မသိတော့ပါဘူး

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center