📖📖

ဒီကဗျာလေးကို ဘာသာပြန်ထားတာ ဒီနေ့ဆို တစ်နှစ်ပြည့်သွားပြီတဲ့...

တစ်စုံတစ်ယောက်ကို သင်ချစ်တော့မည်ဆိုလျှင် - နေမျိုး

If You're Gonna Love Someone....Translated by Soe Than
..........................................................

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် ပထမဦးဆုံးစဉ်းစားထားဖို့ လိုတာက
If you're gonna love someone, the first thing you need to consider is
သင့်ဝိညာဉ်ကို ဘယ်အတိုင်းအတာအထိ ခွဲဝေပေးနိုင်သလဲ ဆိုတာပါပဲ။
to what extent you're willing to share your soul with her.

အဲဒီအချက်ကို သိရှိပြီးရင် နောက်ထပ် သင်နားလည်ထားရမှာက လက်တွေ့မှာ
After you knew that fact, what you need to understand next is, in reality
သင် ခွဲဝေပေးနိုင်တာထက် အနည်းဆုံး၂ဆပိုပြီး အသုံးပြုရမှာဖြစ်တယ် ဆိုတာပါပဲ။
you will have to use two times more than you're prepared to share.

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သူဝမ်းနည်းတဲ့အခါ
If you're gonna love someone, when she is sad,
သင် မျက်ရည်ကျရလိမ့်မယ်၊ သူပျော်ရွှင်တဲ့အခါ သင် ရယ်မောရမှာ ဖြစ်တယ်။
you're to shed tears; when she's happy, you're to laugh.

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
If you're gonna fall in love with someone,
သူ့ကိုမချစ်မိအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ကြည့်ပါ။
be determined to try not to fall in love with her.

ယနေ့ခေတ်မှာ မချစ်မိအောင်ကြိုးစားရင်း သံယောဇဉ်ဖြစ်သွားကြသူတွေဟာ
These days, the number of people who get closer to each other even as they try not to fall in love
ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်လာပြီ ဖြစ်ပါတယ်။
is more than half the world population.

အချစ်ဆိုတာကတော့ နှစ်ယောက်တစ်ကမ္ဘာပါပဲ။
Love means 'two is company'.
အဲဒီကမ္ဘာရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အချစ်ကို သိရှိနားလည်ကြတယ်။
More than half of the world population appreciates love.

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သင်ဟာ တစ်သက်တာမှာ
If you're gonna love someone, understand that you are
အထူးခြားဆုံး ဘာသာရပ်ကို သင်ကြားရတော့မယ်လို့ နားလည်လိုက်ပါ။
going to learn the greatest subject of all time.

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
If you're gonna love someone,
သင့်အိတ်ထဲက ပိုက်ဆံတွေ လျော့လျော့သွားလိမ့်မယ်။
the cash in your pocket will dwindle.
သင်က ဒါကိုပဲ ပျော်ရွှင်နေဦးမှာဖြစ်တယ်လို့ ကြိုတင်အသိပေးလိုက်တယ်။
But let me forewarn you that you will rejoice it.

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
If you're gonna love someone,
နေမင်းကြီးထွက်ပေါ်လာပုံကို ပိုပြီးအဓိပ္ပာယ်ကြွယ်ဝစွာပင် နားလည်မိမှာ ဖြစ်တယ်။
you will better aprreciate how the Sun rises.

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
If you're gonna love someone,
သင့်ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာဟာ မီးလောင်နေပြီး အဲဒီနေရာကို
fire is burning somewhere in your body, and yet
မီးသတ်ကားတွေဟာ ဘယ်တော့မှ ရောက်အောင်မသွားနိုင်ကြဘူး။
fire engines can never reach there!!

image
@blay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now