ရုပ်သေးရုပ်လိုလူ

zzo(40)
Published in
#busy
Words
65
Reading
1 min
Listen
Play
9y

08-48-28-6558741512552534.png

ကြိုးဆွဲရာကိုကရတဲ့ရုပ်သေးရုပ်လေးရေ ဘယ်လောက်
မောနေပါစေ ဘယ်လောက်ပဲပန်းနေပါစေ မနားတမ်း
ကပြဖျော်ဖြေရတယ်မဟုတ်လား လက်ဟန်ချေချိုး လက်ဆစ်များကျိုးလို့ကွေးကောက်သွားပါစေ အပြုံးမပျက်
အမုန်းမဖက်ပဲတရစပ်ကနေရတဲ့ ရုပ်သေးရုပ်မင်းရဲ့ဘဝ
နဲ့ ကိုကျင်ရာကို့ဘဝမှာလည်းဘာမှမခြားနားအတူတူပဲ
ပါပဲလား ရုပ်သေးရုပ်လေးရေ ပင်လယ်သမုဒ္ဒရာထဲကို
စီးဆင်းတဲ့မြစ်ချောင်းထဲကို့လိုလူတစ်ယောက်ရဲ့ဘဝ
ဟာမကူးခတ်ပဲ အစုန်သာသာရှိနေပါရောလား အဆန်
ကိုမကူးချင်ပဲမျောပါချင်မျောပါစေလို့ကို့ကိုယ့်ကိုသတ်
မှတ်ထားသလိုနဲ့တူပါတယ်ရုပ်သေးရုပ်လေးရေ ကို့အ
ခြေနေနဲ့ ကို့ဘဝဟာဘာမှလုပ်ပိုင်ခွင့်ရပ်တည်ခွင့်မရရှာ
တာဟာ မင်းနဲ့အတူတူပါပဲကွယ် မင်းဘဝမင်းအခြေနေ
ဟာ ဇာတ်ဆရာရဲ့ ကြိုးဆွဲရာကို အမြဲကနေရတဲ့သူ
တစ်ယောက်ဆိုတော့ မင်းနားရမှာမဟုတ်ပါဘူးလေ
မင်းပင်ပန်းနေလည်း မင်းကိုဂရုစိုက်ကြမှာမဟုတ်ဘူး
ပေါ့ တစ်ချိန်မှာမင်းဟာအသုံးမလိုတော့ရင် မင်းဟာ
လောင်စာတစ်ခုလား အလှချိတ်တဲ့အရုပ်လေးတစ်ခု
လား ဒါမှမဟုတ်ချောင်ထဲမှာလူမသိ သူမသိဘဝနဲ့
ဖြတ်သန်းသွားရမဲ့ စိတ္တဇရောဂါသည်တစ်ယောက်လား
တစ်ခုခုတော့မင်းဖြတ်သန်းရပါလိမ့်မယ် ဘဝဆိုတာ
လာပြီးရင်ခနတာပဲတွေ့ကြရတာပေါ့ မင်းရဲ့ဘဝဟာ
လည်း မင်းကိုထုဆစ်ပေးလိုက်တဲ့မင်းရဲ့ပိုင်ရှင်က စေ
စားရာအတိုင်း မင်းဖြစ်လာခဲ့ရတာပဲလေ မကြောက်ပဲ
အံတုလို့ အံ့မခန်းလက်ရာနဲ့အတူ မင်းဖြစ်ချင်တဲ့ဘဝကို
မင်းရောက်နိုင်ပါစေကွယ်။

Author zzo@zzo ( Photo google@google)

ရုပ်သေးရုပ်လိုလူ | Ecency