တစ်ချိန်က မိသားစုလေး

zzo(40)
Published in
#busy
Words
132
Reading
1 min
Listen
Play
9y

18-26-07-636189193287494816839151160_familypic.jpg

သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးဟာ တစ်ခဏ
နဲ့ပျက်သုဉ်းသွားမယ်လို့ဘယ်သူထင်မိမှာလဲ
အေးချမ်းခြင်းတွေ ခဏတာလေး ရလာပြီးနောက်
ပူလောင်မှုတွေတရဆက်နဲ့ သေခွဲခွဲ ကြရတဲ့ မိသား
စုလေးကို အရမ်းတမ်းတမိနေပါတယ် အဖေရယ်
အမေရယ် ကျနော်ရယ် အလိုလိုက်တဲ့ မိသားစုလေး
စီးပွားရေးပြည့်စုံတဲ့မိသားစုလေး ကလေးဘဝမှာ
လိုလေသေးမရှိအောင် ကျွေးမွေးစောင့်ရှောက်ကာ
မိဘတို့ရဲ့အသည်းကျော်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့
ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့်မသိ မိသားစုရင်း
သေကွဲကွဲရပီပေါ့ နောက်နောင်ဘဝမျိုးမှာ ကျနော်ရဲ့
မိဘများဖြစ်ခဲ့ကြသော အမေနဲ့အဖေတို့ဟာ ယခုလို
အဖြစ်လိုမျိုး မကြုံရပဲ ကောင်းမွန်ရာ မိသားစုစည်းစည်း
လုံးလုံး အသက်ထက်ဆုံးနေသွားရပါစေလို ဆုတောင်း
လိုက်ပါရစေအမေနဲ့ အဖေရေ ဒီတစ်သက်တော့ မိသား
စုတွေရဲ့ အသည်းကျော်လေးတစ်ယောက် ဘဝကို
ထီးထမ်းလမ်းလျောက်ရင်း အဆင်ပြေသလို အဆင်
မပြေသော်လည်း ဘဝကိုရုန်းကန်ရတဲ့အချိန်တိုင်း
မိဘတို့ကို အရမ်းသတိရ အရမ်းလွမ်းမိပါတယ် ငယ်
ငယ်က အလိုလိုက်ခဲ့တာ ကျွေးမွေးစောင့်ရှောက်ခဲ့တာ
တွေကို သား တတ်နိုင်သမျှ ကျေးဇူးဆပ်အလှူပြုကာ
အမျှဝေသွားပါ့မယ် အမေနဲ့အဖေတို့ရေ......


Family write zzo@zzo

Photo credit google.com

တစ်ချိန်က မိသားစုလေး | Ecency