သူစိမ်းပြင်ပြင်

zzo(40)
Published in
#poetry
Words
102
Reading
1 min
Listen
Play
8y

17-39-36-Screen-Shot-2015-10-11-at-10.27.01-PM.png

မချစ်မနှစ်သက်သော သူတစ်ယောက်ကိုအရမ်းစွဲလမ်း
အရမ်းတမ်းတ မှင်သက်မိတာနဲ့ ဘဝဟာတွယ်တာရာ
မရှိ ပျက်ဆီးနေပြီလား အဆိပ်တစ်ခွက်ကို ရစ်မူးစွာ
သောက်သုံးမိတဲ့ ငမိုက်သားတယောက်သဖွယ်
အဆိပ်ခွက်ကိုမှ လိုချင်ခြင်းများစွာနဲ့ သောက်သုံး
မျိုချမိခဲ့လေရဲ့. အနာဆွေးဘဝနဲ့ တစ်သက်လွှေး
ဒုက္ခများစွာကို ဖျစ်ညှစ်ခံစားရင်း မလိုမချင်တဲ့
ခါးသီးဒဏ်ရာများစွာကို အားပေးနှစ်သိမ့်မှုမရှိပဲနဲ့
လေလွင့်ရာ ကမ္ဘာမြေအဆုံးလျောက်သွားနေရပီ
အတိတ်စိမ်းတွေရဲ့ အိမ်မက်နမိတ်တွေက မကောင်း
အကြောင်းမလှတဲ့ ကိုယ့်ဘဝရဲ့ အမုန်းမီးဒေါသတွေ
ထောင်းထောင်းထနေတဲ့ လှည်းလမ်းကြောင်းက
ဖုတ်ပြင်တစ်ခုလို အိုမင်းဟောင်းနွမ်းနေဆဲ လဟာပြင်
ညအိပ်ရာဝင်ချိန်မှာ လေစိမ်းတွေခပ်စစတိုက်ခက်မှု
ဒဏ်ရာတွေရဲ့ တစ်ဆစ်ဆစ်နာကျင်မှု အဆုံးမရှိတဲ့
သဲကန္တာရထဲမှာ သောက်စရာရေမရှိပါပဲ တစ်ယောက်
ထည်းတည်း အထီးကျန်စွာ ဆက်လက်လျောက်နေရင်း
ယောင်ချာချာနဲ့ ငါ့ဘဝရယ်...။

18-07-43-DSC01018x-58f8f0124ebe3__880.jpg

သူစိမ္းျပင္ျပင္

မခ်စ္မႏွစ္သက္ေသာ သူတစ္ေယာက္ကိုအရမ္းစြဲလမ္း
အရမ္းတမ္းတ မွင္သက္မိတာနဲ႕ ဘဝဟာတြယ္တာရာ
မရွိ ပ်က္ဆီးေနၿပီလား အဆိပ္တစ္ခြက္ကို ရစ္မူးစြာ
ေသာက္သုံးမိတဲ့ ငမိုက္သားတေယာက္သဖြယ္
အဆိပ္ခြက္ကိုမွ လိုခ်င္ျခင္းမ်ားစြာနဲ႕ ေသာက္သုံး
မ်ိဳခ်မိခဲ့ေလရဲ႕. အနာေဆြးဘဝနဲ႕ တစ္သက္ေလႊး
ဒုကၡမ်ားစြာကို ဖ်စ္ညွစ္ခံစားရင္း မလိုမခ်င္တဲ့
ခါးသီးဒဏ္ရာမ်ားစြာကို အားေပးႏွစ္သိမ့္မႈမရွိပဲနဲ႕
ေလလြင့္ရာ ကမာၻေျမအဆုံးေလ်ာက္သြားေနရပီ
အတိတ္စိမ္းေတြရဲ႕ အိမ္မက္နမိတ္ေတြက မေကာင္း
အေၾကာင္းမလွတဲ့ ကိုယ့္ဘဝရဲ႕ အမုန္းမီးေဒါသေတြ
ေထာင္းေထာင္းထေနတဲ့ လွည္းလမ္းေၾကာင္းက
ဖုတ္ျပင္တစ္ခုလို အိုမင္းေဟာင္းႏြမ္းေနဆဲ လဟာျပင္
ညအိပ္ရာဝင္ခ်ိန္မွာ ေလစိမ္းေတြခပ္စစတိုက္ခက္မႈ
ဒဏ္ရာေတြရဲ႕ တစ္ဆစ္ဆစ္နာက်င္မႈ အဆုံးမရွိတဲ့
သဲကႏၲာရထဲမွာ ေသာက္စရာေရမရွိပါပဲ တစ္ေယာက္
ထည္းတည္း အထီးက်န္စြာ ဆက္လက္ေလ်ာက္ေနရင္း
ေယာင္ခ်ာခ်ာနဲ႕ ငါ့ဘဝရယ္...။

Poem Writer zzo@zzo

Photo google.com@google.com

သူစိမ်းပြင်ပြင် | Ecency