ယဉ်ကျေးမှုတွေလွမ်းခြုံထားရာတိုင်းပြည်
ပကာသနတွေအသာထားလို့
ဒါနတွေ အများဆုံးပြုကြတဲ့ တိုင်းပြည်
လူစွမ်းကောင်းတွေမွေးထုတ်ခဲ့လို့
ဗုဒ္ဓဘာသာ ရောင်ဝါမငြိုးတဲ့ တိုင်းပြည်
မြေကြီးကရွှေသီးတော့ ဆီကိုရေလိုချိုးခဲ့တဲ့တိုင်းပြည်
သယံဇာတတွေပေါများလို့
နိုင်ငံအတွက် ဂုဏ်ယူခဲ့ရတဲ့ တိုင်းပြည်
ဂုဏ်ထူးဆောင် ပညာတတ်တွေ
အဆင်သင့်ထုတ်လုပ်နေတဲ့ တိုင်းပြည်
ခန့်ညားထည်ဝါသော နန်းတော်ကြီးများ
မပျက်ဆီးသော တိုင်းပြည်
ခေတ်မီမမှီဘူးလို့ ပြောပေမဲ့
ဦးဏှောက်တွေ ဖွံ့ ဖြိုးခဲ့တဲ့တိုင်းပြည်
ကမ္ဘာမှာ စစ်မီးတွေကို အဖြေရှာ ဖြေရှင်းတဲ့
လူစွမ်းကောင်းတို့ရဲ့ တိုင်းပြည်
ဒို့တိုင်း တို့ပြည် ဒို့ဌာနီကို
လာလည်စေချင် ဖိတ်ခေါ်လိုသည်
ဝမ်းပန်းတစ်သာ ကြိုဆိုလို့ နေပါမည်....။
ယဥ္ေက်းမႈေတြလြမ္းၿခဳံထားရာတိုင္းျပည္
ပကာသနေတြအသာထားလို႔
ဒါနေတြ အမ်ားဆုံးျပဳၾကတဲ့ တိုင္းျပည္
လူစြမ္းေကာင္းေတြေမြးထုတ္ခဲ့လို႔
ဗုဒၶဘာသာ ေရာင္ဝါမၿငိဳးတဲ့ တိုင္းျပည္
ေျမႀကီးကေ႐ႊသီးေတာ့ ဆီကိုေရလိုခ်ိဳးခဲ့တဲ့တိုင္းျပည္
သယံဇာတေတြေပါမ်ားလို႔
နိုင္ငံအတြက္ ဂုဏ္ယူခဲ့ရတဲ့ တိုင္းျပည္
ဂုဏ္ထူးေဆာင္ ပညာတတ္ေတြ
အဆင္သင့္ထုတ္လုပ္ေနတဲ့ တိုင္းျပည္
ခန႔္ညားထည္ဝါေသာ နန္းေတာ္ႀကီးမ်ား
မပ်က္ဆီးေသာ တိုင္းျပည္
ေခတ္မီမမွီဘူးလို႔ ေျပာေပမဲ့
ဦးေဏွာက္ေတြ ဖြံ႕ ၿဖိဳးခဲ့တဲ့တိုင္းျပည္
ကမာၻမွာ စစ္မီးေတြကို အေျဖရွာ ေျဖရွင္းတဲ့
လူစြမ္းေကာင္းတို႔ရဲ႕ တိုင္းျပည္
ဒို႔တိုင္း တို႔ျပည္ ဒို႔ဌာနီကို
လာလည္ေစခ်င္ ဖိတ္ေခၚလိုသည္
ဝမ္းပန္းတစ္သာ ႀကိဳဆိုလို႔ ေနပါမည္....။
Poem @zzo = ( photo at google)