အဖော်မပါသူရဲ့ တစ်ယောက်ထည်းခရီး
ကြင်သူမပါတဲ့ အချစ်လမ်းခရီး
မိတ်ဆွေမပါတဲ့ ဘဝလမ်းခရီး
တစ်ယောက်ထည်းတည်း လျောက်လှမ်းနေပြီး
အတိတ်ဆိုတာ အောက်မေ့ဖွယ်ရာထက်မပို
အိမ်ကဆိုတာ ခြောက်လှန့်သလိုထက်သာ
ဟာတာတာ စိတ္တဇနှလုံးသားတစ်ခုနဲ့
မျှော်လင့်ခြင်းကင်းမဲ့သော အိမ်မက်ရှည်တွေ
ခြောက်ခြားဖွယ်ရာ ညနက်ရှည်တွေကိုဖြတ်သန်း
ဘယ်စခန်း ဘယ်ဘုံသို့ရည်ရွယ်ကာ
ပျော်ရွှင်မှု ဝမ်းသာမှုတို့ နတ္ထိကဗျာထဲမှာ
ဆွေးဆွေးမြေ့မြေ့ အတိတ်တို့မေ့လိုက်ချင်သည်
မလွဲသာလျောက်လှမ်းရသည်ခရီးကို
အဖေ်ာမပါသာ တစ်ကိုယ်ထည်းတည်းနှင့်
လွမ်းမောဖွယ် ဝမ်းနည်းဖွယ်အဖြစ်ပျက်တွေဖြင့်
ကျဆုံးကာ ဆက်လက်ထွက်ခွာလာခဲ့သည်။
ညမိုက်တွေရဲ့ ခြောက်ခြားဖွယ်ရာ
အေဖာ္မပါသူရဲ႕ တစ္ေယာက္ထည္းခရီး
ၾကင္သူမပါတဲ့ အခ်စ္လမ္းခရီး
မိတ္ေဆြမပါတဲ့ ဘဝလမ္းခရီး
တစ္ေယာက္ထည္းတည္း ေလ်ာက္လွမ္းေနၿပီး
အတိတ္ဆိုတာ ေအာက္ေမ့ဖြယ္ရာထက္မပို
အိမ္ကဆိုတာ ေျခာက္လွန႔္သလိုထက္သာ
ဟာတာတာ စိတၱဇႏွလုံးသားတစ္ခုနဲ႕
ေမွ်ာ္လင့္ျခင္းကင္းမဲ့ေသာ အိမ္မက္ရွည္ေတြ
ေျခာက္ျခားဖြယ္ရာ ညနက္ရွည္ေတြကိုျဖတ္သန္း
ဘယ္စခန္း ဘယ္ဘုံသို႔ရည္႐ြယ္ကာ
ေပ်ာ္႐ႊင္မႈ ဝမ္းသာမႈတို႔ နတၳိကဗ်ာထဲမွာ
ေဆြးေဆြးေျမ့ေျမ့ အတိတ္တို႔ေမ့လိုက္ခ်င္သည္
မလြဲသာေလ်ာက္လွမ္းရသည္ခရီးကို
အေဖ္ာမပါသာ တစ္ကိုယ္ထည္းတည္းႏွင့္
လြမ္းေမာဖြယ္ ဝမ္းနည္းဖြယ္အျဖစ္ပ်က္ေတြျဖင့္
က်ဆဳံးကာ ဆက္လက္ထြက္ခြာလာခဲ့သည္။
author @zzo
photo credit to google.com