မထင်မှတ်ပဲဆုံသော အချစ်

zzo(40)
Published in
#busy
Words
105
Reading
1 min
Listen
Play
9y

17-11-36-e3143a5bab475b225951974ac17bafc6.jpg

တစ်ခါတစ်လေမှာလမ်းသွားရင်အမှတ်မထင်တွေ့မိတဲ့
ကောင်မလေးတွေအရမ်းချောအရမ်းလှသလိုခံစား
ရပါတယ် တကယ်လဲအဲသလိုပဲဖြစ်မှာပါ အလှဆိုတာ
ပျို မြစ်ခြင်းတွေဆီကပဲဆင်းသက်လာတာပါ အရွယ်အို
လာရင်တော့ အလှတွေဟာ ဆက်လက်မတည်ရှိတော့
ပါဘူး ဒါဆိုရင် ထိုအလှကိုထာဝရပိုင်ဆိုင်မှာမဟုတ်လို့
တခနအလှနဲ့ဘဝနစ်မြောသူတွေချည်းပေါ့ ဘဝဆိုတာ
လည်း တစ်ခဏပါပဲ ဘယ်အရာမှကြာရှည်စွာမတည်မြဲ
ဘူးဆိုတာ မြတ်စွာဘုရားကိုယ်တိုင်ဟောလို့ အမြင်မှန်
တရားတွေသိနှင့်ပြီးသားပါ အမှန်တစ်ကယ်တော့လည်း
ဒီဘဝကိုပဲမက်မောတွယ်တာနေတာကိုက စိတ်ရဲ့အလို
ကို လိုက်လံကပြဖျော်ဖြေနေရတဲ့အကမယ်လေးတစ်
ယောက်လို ဘဝကိုမလွန်ဆန်နိုင်ဘူးပေါ့လေ အချိန်တွေ
ဆိုတာဟာ ကြာညောင်းလာရင် ရင့်ရော်တတ်တဲ့သ
ဘောရှိလေတော့ ဘဝတွေကို ဘာကအနိုင်ယူသွားမှာ
လဲ ဘဝထဲကလွတ်မြောက်အောင်ရုန်းထွက်သွားမှာ
လား ရုန်းထွက်ဖို့ကော အင်အားမွေးပီးပြီလားဆိုတာ
အသေချာစဉ်းစားဖို့လိုမယ်လို့ထင်ပါတယ် အချစ်
အတွက်နဲ့ ပေးဆပ်ရတဲ့ ဘဝတွေများလှပြီး အချစ်ဆို
တာဟယ တကယ်တော့ဟုတ်ပါရိုးလား ူမက်မော
တွယ်တာမှုတဏှာပါပဲလေ အဲဒီအရာကိုမလွန်ဆန်နိုင်
ဘူး ဘယ်လိုကြောင့်လဲပြောရရင် စိတ်ထဲမှာအသေရိုက်
ထည့်ထားပရိုဂရမ်တစ်ခုလိုပဲ သူခိုင်းရာလုပ် သူကျွေး
ရာစားနေရတာပါ ဘယ်လိုလွှတ်မြောက်ချင်လဲဆိုတာ
တွေးဆမှုနဲ့ မသိနိုင်ပါဘူးလေ ဒီတော့ဘယ်လိုလုပ်ရ
မလဲ အဲသလိုမထင်မှတ်ပဲ တွေ့ဆုံလာတဲ့ လိုချင်မှု
တွေကို တားမြစ်ဖျက်ဆီးနိုင်ရမယ် ဘယ်လောက်ပဲ
စိတ်ရဲ့ခိုင်းစေမှုများများ ထိန်းချုပ်ထားနိုင်ရမယ် ဒါဟာ
လက်တွေ့တောလ မလွယ်လှဘူးထင်ပါတယ် ဟုတ်
တော့ဟုတ်တယ် မလွယ်ပါဘူးဒါ့ကြောင့်ဒီနေ့အထိ
သံသရာမှာ မျှောပါရင်းကူးခတ်နေကြရတာပေါ့လေ
အဲသလိုဆိုတော့ ဘယ်လိုရုန်းထွက်မလဲဆိုတာ ရှိ
လာပြန်ပြီပေါ့ မှန်ပါတယ်လည်နေတဲ့ သံသရာကြီးရှိ
ရင် ထွက်မြောက်တဲ့နည်းလမ်းလဲရှိရမှာပေါ့ အဲတာဟာ
မြတ်စွာဗုဒ္ဓဟောကြားတဲ့ နိဗ္ဗာန်ပါပဲ အဲသည်ကိုအ
ရောက်သွားနိုင်ဖိုသာ ပြင်ဆင်လေ့ကျင့်ရမှာပါ ဒါဆိုရင်
မထင်မှတ်ပဲတွေ့ဆုံလာမဲ့ ချစ်ခြင်း လိုအပ်ခြင်းတွေကို
လည်း ရှောင်လွဲနိုင်ကြပါလိ့မ်မယ်....။

Author zzo@zzo photo (google)

မထင်မှတ်ပဲဆုံသော အချစ် | Ecency