အုန်းပင်၏အုန်းလက်များသည် နွေရာသီ၏တောင်လေ
မြူးရာသို့ နွဲ့ယိမ်းလျက်လှုပ်ရှားနေကြလေသည် သည်က
နေ တစ်မှတ်တိုင်အရပ်ရှိနေရာတွင် ရွှေဝါရောင်စေတီ
များမှ မှန်ကင်းများ၏အထွဋ်ကိုလှမ်းမြင်နေရသည်
တိုက်ဖြူဖြူ မြင့်မြင့်များမှာလည်း သူ့ထက်ငါပြိုင် အမြင့်
ချင်း ယှဉ်ပြိုင်ကြသည့်နှယ်မိုးပေါ်သို့ထိုးထွက်ကာ
အရပ်ချင်းပြိုင်နေကြသည့်နှယ်ကြည့်ရှုမဆုံးပေါများလှ
တော့၏ငှက်ကလေးများ၏ ညနေစောင်းအိပ်တန်းတက်
ချိန်ပျံသွားနေကြသည်ကိုကြည့်ရှုရင်း မိမိတို့လည်း
အလုပ်သိမ်းတော့မည်ကိုသတိရကာ လုပ်လက်စအလုပ်
လေးများကိုလက်စသတ်နေကြရသည်။နေမင်း၏
တောင်စွယ်တွင်မြုပ်လုနီးပါး ဖျော့တော့တော့အရောင်
များမှာလည်း နေ့လည်ကဲ့သို့ပူပြင်းကာ ထွန်းလင်း
တောက်ပစွာမနေနိုင်တော့ပေ မကြာခင်ပင် နေဝင်တော့
မည်မဟုတ်လော လေတဖြူးဖြူး သုတ်ဆော်ညှင်းသည့်
နွေရာသီဝယ် အလုပ်ကိုင်များမှာပင်ပန်းလှ၏ တစ်ချို့
လုပ်သားများငြီးငြူးကြသည့်နှယ် အားအင်တို့လျင်မြန်
စွာကုန်ခမ်းလွယ်ကြသည်။သို့သော်လည်းပင်ပန်းသည့်
ဒဏ်အံတုကာကြိုးစားရင် နွေရာသီ၏ဒဏ်ခတ်မှုကို
လွတ်မြောက်အောင်ကြိုးစားရပေအုံးမည်။ဟောနေမင်း
ကြီးတောင် တိမ်တိုက်တွေကြားပုန်းရှိုးကာ ဝင်သွားပါ
လေပြီမကြာမှီအမှောင်ထုကားဆင်းသက်လာတော့
မည်ကိုတွေးကြည့်ရင်း ရှေးခေတ်ကျောက်ခေတ်လူ
သားတို့မည်သို့နေထိုင်သွားကြသည်ကိုပင်တွေးတော
ကာနေမိပါတော့၏......။
အုန္းပင္၏အုန္းလက္မ်ားသည္ ေႏြရာသီ၏ေတာင္ေလ
ျမဴးရာသို႔ ႏြဲ႕ယိမ္းလ်က္လႈပ္ရွားေနၾကေလသည္ သည္က
ေန တစ္မွတ္တိုင္အရပ္ရွိေနရာတြင္ ေ႐ႊဝါေရာင္ေစတီ
မ်ားမွ မွန္ကင္းမ်ား၏အထြဋ္ကိုလွမ္းျမင္ေနရသည္
တိုက္ျဖဴျဖဴ ျမင့္ျမင့္မ်ားမွာလည္း သူ႕ထက္ငါၿပိဳင္ အျမင့္
ခ်င္း ယွဥ္ၿပိဳင္ၾကသည့္ႏွယ္မိုးေပၚသို႔ထိုးထြက္ကာ
အရပ္ခ်င္းၿပိဳင္ေနၾကသည့္ႏွယ္ၾကည့္ရႈမဆုံးေပါမ်ားလွ
ေတာ့၏ငွက္ကေလးမ်ား၏ ညေနေစာင္းအိပ္တန္းတက္
ခ်ိန္ပ်ံသြားေနၾကသည္ကိုၾကည့္ရႈရင္း မိမိတို႔လည္း
အလုပ္သိမ္းေတာ့မည္ကိုသတိရကာ လုပ္လက္စအလုပ္
ေလးမ်ားကိုလက္စသတ္ေနၾကရသည္။ေနမင္း၏
ေတာင္စြယ္တြင္ျမဳပ္လုနီးပါး ေဖ်ာ့ေတာ့ေတာ့အေရာင္
မ်ားမွာလည္း ေန႕လည္ကဲ့သို႔ပူျပင္းကာ ထြန္းလင္း
ေတာက္ပစြာမေနနိုင္ေတာ့ေပ မၾကာခင္ပင္ ေနဝင္ေတာ့
မည္မဟုတ္ေလာ ေလတျဖဴးျဖဴး သုတ္ေဆာ္ညွင္းသည့္
ေႏြရာသီဝယ္ အလုပ္ကိုင္မ်ားမွာပင္ပန္းလွ၏ တစ္ခ်ိဳ႕
လုပ္သားမ်ားၿငီးျငဴးၾကသည့္ႏွယ္ အားအင္တို႔လ်င္ျမန္
စြာကုန္ခမ္းလြယ္ၾကသည္။သို႔ေသာ္လည္းပင္ပန္းသည့္
ဒဏ္အံတုကာႀကိဳးစားရင္ ေႏြရာသီ၏ဒဏ္ခတ္မႈကို
လြတ္ေျမာက္ေအာင္ႀကိဳးစားရေပအုံးမည္။ေဟာေနမင္း
ႀကီးေတာင္ တိမ္တိုက္ေတြၾကားပုန္းရွိုးကာ ဝင္သြားပါ
ေလၿပီမၾကာမွီအေမွာင္ထုကားဆင္းသက္လာေတာ့
မည္ကိုေတြးၾကည့္ရင္း ေရွးေခတ္ေက်ာက္ေခတ္လူ
သားတို႔မည္သို႔ေနထိုင္သြားၾကသည္ကိုပင္ေတြးေတာ
ကာေနမိပါေတာ့၏......။
Author @zzo
Image Source: google